🇹🇭Thai🇹🇭 မှာ Long-Stay နေမည့်သူများ ဒဏ်ကြေးမဆောင်ချင်ရင်ဖတ်ကိုဖတ်ရမယ့် Post😈

Details

90 Days Report ဆိုတာဘာလဲ❓
ထိုင်းနိုင်ငံမှာနေထိုင်တဲ့ နိုင်ငံခြားသားတိုင်း ရက် ၉၀ ပြည့်တဲ့အခါတိုင်း မိမိနေရပ်လိပ်စာကို Immigration သို့အကြောင်းကြားပေးရပါတယ်။ မြန်မာပြည်မှာ ဧည့်စာရင်းသလိုမျိုး အိမ်ရှင်ကရော အိမ်ဌားကရော
လုပ်ဆောင်ပေးရပါတယ်။
💁🏻‍♂️90 Days Report လုပ်ဖို့အတွက် အရေးကြီးဆုံးက
ကိုယ်ဌားထားတဲ့အခန်းပိုင်ရှင်က ဧည့်စာရင်းတိုင်ပေးမှာလားဆိုတာ အခန်းမဌားခင်တည်းကကြိုတင်မေးဖို့လိုပါတယ်။
TM30 notification လုပ်တာက Online ကနေအိမ်ရှင်က အလွယ်တကူလုပ်ပေးလို့ရပါတယ် ခင်ဗျာ။
URL : https://extranet.immigration.go.th/fn24online/
90 Days Report ကို ဘယ်လိုလုပ်လို့ရသလဲ ❓
✅Registered mail (Thailand Post only)
✅Immigration ရုံးသို့ တိုက်ရိုက် Report သွားလုပ်ခြင်း
✅Online ကနေလုပ်ခြင်း (ပထမဆုံးအကြိမ်ဆို မရပါ)
1️⃣ Registered Mail နဲ့ Report လုပ်မယ်ဆိုရင်လိုအပ်တဲ့စာရွက်စာတမ်းများ။
- Photocopy of passport pages with following pages
- ပထမဆုံးစာမျက်နှာနှင့် Visa Stamp Page, Immigration တုံးထုထားသော Page များ
- Photocopy (front-back) of departure card TM.6
- Old 90 Days Report စာရွက်
- Notification Form TM.47
- Baht 10 တန် စာအိတ်ကို Return Address ဖြည့်ထားပြီးထည့်ပေးရန်
Remark : Thai Post က၀န်ထမ်းအများစု နားလည်ကြတာမို့ 90 Days Report လို့ပြောရင် လိုအပ်တာတွေသူတို့လုပ်ပေးပါတယ်ခင်ဗျ။ စာအိတ်က ၂ လုံးလိုတာဖြစ်ပြီး ကိုယ်ပို့တဲ့အချိန်တစ်လုံးရယ် ကိုယ့်ဆီကိုပြန်ပို့ဖို့ ဘတ် ၁၀ တန် stamp နဲ့ တစ်လုံးရယ်ဖြစ်ပါတယ်ခင်ဗျာ။
🔥အားနည်းချက်များ🔥
👎🏻 ဒီ နည်းလမ်းကလွယ်သယောင်ထင်ရပေမယ့် Post နဲ့သွားတာကြောင့် 90 Days မပြည့်မှီ ၁၅ ရက်ကြိုလုပ်ဖို့အနည်းဆုံးလိုပါတယ်ခင်ဗျာ။
👎🏻Post System ဖြစ်တာကြောင့် Track လိုက်လို့ရပေမယ့် ကိုယ့် Application Success ဖြစ်မဖြစ် Track လိုက်ဖို့
ခက်ပါတယ်။
👎🏻Notification Success Document Return အတွက် ရက် ၃၀ လောက်အထိကြာနိုင်ပါတယ်။
Address: 90 Days Report Section , Sub-division 2 ,
Immigration Division 1 ,Chalermprakiat Government Complex (B Building, 120 Moo 3 , Chaengwattana Rd., Soi 7, Toongsonghong, Laksi, Bangkok 10210.
👎🏻Thai Language မတတ်ရင် Local Thai Post Staff တွေနဲ့ စကားပြောဖို့ခက်တာကြောင့် အဲ့မှာတည်းက ပြသနာရှိနိုင်ပါတယ်။
2️⃣ Office သို့လူကိုယ်တိုင်သို့မဟုတ် Agent နှင့် Repot တင်ခြင်း
- Passport
- TM6 Departure Card
- Old Notification of 90 days
- TM47 Form တို့နှင့်အတူ နီးစပ်ရာ 90 Days Report Office တွေမှာလုပ်ဆောင်နိုင်ပါတယ်…
များသေားအားဖြင့် Immigration Division 1 , Chaengwattana မှာသွားလုပ်ကြတာများပါတယ်ဗျ။
♨️Location က Covid ကာလတည်းက ပြောင်းလိုက်ရွေ့လိုက်ဖြစ်နေတာမို့ သွားမတိုးခင် Double Checking လုပ်သင့်ပါတယ်။
3️⃣ Online Notification
Due date မတိုင်ခင် ၁၅ ရက်အလိုလောက်တည်းက အောက်ပါလင့်ကနေ လိုအပ်တဲ့စာရွက်စာတမ်းတွေအတိုင်းလုပ်လို့ရပါတယ်ခင်ဗျာ။
URL : https://tm47.immigration.go.th/tm47/#/login
Q : 90 Days Report ဘယ်လောက်အတွင်းလုပ်လို့ရသလဲ❓
Due Date မတိုင်ခင် ၁၅ ရက် Due Date ကျော်ပြီး ၇ ရက်အတွင်း Report လုပ်ရင်ရပါတယ်ခင်ဗျာ။
Q: 90 Days Report မလုပ်ရင်ဘာဖြစ်လဲ❓
Visa Extension တိုးတဲ့အခါ သို့မဟုတ် ထိုင်းနိုင်ငံကထွက်ခွာတဲ့အခါ 2,000 THB ဒဏ်ကြေးပေးဆောင်ရတဲ့အပြင် ဖမ်းဆီးချုပ်နှောင်အပြစ်ပေးလို့လည်းရပါတယ်။
👉🏻နားလည်ရမယ့်အချက်များ
90 Days သည် ထိုင်းနိုင်ငံအတွင်းစစ၀င်ချင်း Stamp ထုသည့်နေ့မှစပြီး count လုပ်ပါသည်။
နိုင်ငံပြင်ပ ထွက်ပြီးပြန်၀င်ပါက Re-Start ပြန် Count ပါသည် Old 90 Days Report နဲ့မဆိုင်တော့ပါ။
For more information
URL : https://bangkok.immigration.go.th/en/90days-report/
URL : https://www.immigration.go.th/en/?page_id=1666
ကဲ ထိုင်းမှာ long-stay နေမယ်ဆို 90 Days Report က လုပ်ကိုလုပ်ရမှာမို့ သူငယ်ချင်းတွေလည်းသိအောင် share ပေးပါအုန်းခင်ဗျာ 😄
#takeyourtimemyanmar
#90daysreport
#ThaiImmigration


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!