Thai ဆေးကျောင်းတွေအကြောင်းပြောကြမယ် 🧑🏼⚕️
💁🏻♂️ ထိုင်းနိုင်ငံမှာ
နိုင်ငံခြားသားတွေ
ဆေးကျောင်းတက်တက်ရောက်ဖို့အတွက်
International Program တွေရှိပါတယ်။
ကျောင်းတွေအနေနဲ့
ပထမဆုံး high recommend ပေးချင်တာကတော့
1️⃣ KMITL Medical School ပါ။
၆ နှစ်တက်ရောက်ရမှာဖြစ်ပြီး
Semester တစ်ခုကို
495,000 Baht ကျသင့်မှာဖြစ်ပါတယ်
(ယခုပေါက်စျေးနဲ့ဆိုမြန်မာငွေသိန်း ၅၀၀ ၀န်းကျင်/ semester တစ်ခုတည်းကိုပါ)
၀င်ခွင့်လိုအပ်ချက်အနေနဲ့
- ၁၂ တန်းပညာရေးပြီးထားဖို့လိုပါတယ်။
- SAT နဲ့ Biomedical Admission Test (BMAT) တွေမှာသတ်မှတ်ထားတဲ့ဘာသာရပ်တွေရဲ့
အမှတ်တွေပြပေးရန်လိုပြီး
- IELTS (Academic-Module) at least 7.0 (overall)
- Personal Statement လိုအပ်ပါတယ်။
⚠️ဒီမှာအရေးကြီးတာကတော့ Terms & Conditionsပါ
Non-Thai applicants must accept the condition that they may not be allowed to
apply for a medical license to practice or get further post-graduate medical training in Thailand unless permission is granted individually by the Thai Medical Council.
❌ဆေးကုသခွင့်လိုင်စင် လျှောက်ထားဖို့
ရ/မရမသေချာတာကိုလည်းလျှောက်ထားသူဘက်က
နားလည်လက်ခံမှုရှိရပါမယ်❌
Admission Requirements
အသေးစိတ်ကိုအောက်ပါလင့်ကနေဖတ်ရှု့ပါ
🔗https://md.kmitl.ac.th/.../Announcement-for-Direct...
Documents Check List 🔗https://md.kmitl.ac.th/admission-policy/...
Application Schedule : June-July
🔗https://md.kmitl.ac.th/admission-policy/...
သိချင်တာရှိရင် md@kmitl.ac.th ကျောင်းကိုတိုက်ရိုက်မေးမြန်းဆွေးနွေးဖို့အကြံပြုပါတယ်။
ကျွန်တော် Admission Result ကို
စောင့်ကြည့်နေသလောက်တော့
နိုင်ငံခြားသားအမည်နဲ့၀င်ခွင့်ရတာမတွေ့မိသေးပါဘူး 🥺
Official Website 🔗 https://md.kmitl.ac.th/
Application Link 🔗https://new.reg.kmitl.ac.th/admission/#/
ဒုတိယကတော့
2️⃣ Chulalongkorn : CU-MEDi
ပုံမှန်အားဖြင့် နှစ်စဥ် Jan-Feb အထိခေါ်လေ့ရှိပြီး
ချူလာဆိုတဲ့အတိုင်း
ကျောင်း၀င်ခွင့်ရဖို့တောင်ပဲအတော်လေးခက်ခဲပါတယ်။
သူကအစကနေတက်ရမှာမဟုတ်ပဲ
▶️ Pathway ပုံဆန်မျိုးပိုဆန်ပြီး
၀င်ခွင့်လိုအပ်ချက်တွေအနေနဲ့ Bachelor Medical Related နောက်ဆုံးနှစ်ကျောင်းသားသို့မဟုတ်
ကျောင်းပြီးထားတဲ့ကျောင်းသားတွေ
လျှောက်ထားနိုင်ပါတယ် (4 Years Bachelor Degree) သမားတွေလည်းလက်ခံတယ်လို့ရေးထားပေမယ့်
TOEFL (Internet-based Test) at least 85, IELTS (Academic) at least 7.0 (overall) အပြင် Results of the Medical College Admission Test (MCAT) ပါလိုအပ်ပါတယ်
၄ နှစ် ချူလာမှာတက်ရောက်ရမှာဖြစ်ပြီး
✅ Doctor of Medicine degree (M.D.) ဘွဲ့ရရှိမှာပါ 😬
CU-MEDi ဆိုတာဘာလဲ
🔗https://cu-medi.md.chula.ac.th/about-cumedi/#what-is
ကျောင်းလခကတော့ Semester Fees + Tuition Fees အပါ ၄ နှစ်စာကို ဘတ် ၅ သန်းခွဲ ( ယခုပေါက်စျေးနဲ့ဆိုရင် သိန်း ၅၀၀၀ ၀န်းကျင်ကျသင့်မှာဖြစ်လို့ super expensive လို့တောင်ပြောလို့ရပါတယ်)
Fees 🔗 https://cu-medi.md.chula.ac.th/admission/#TUITIONFEES
https://www.md.chula.ac.th/.../undergraduate.../cu-medi/
သိချင်တာရှိပါက cu-medi@chula.md သို့တိုက်ရိုက်email ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
Summarize ပြန်လုပ်ရရင်တော့
ထိုင်းမှာဆေးတက်မယ်ဆိုရင်‼️
⚠️၀င်ခွင့်ရဖို့အတော်လေးခက်ပါတယ်
⚠️ကျောင်းလခအဆမတန်စျေးများပါတယ်
⚠️ကျောင်းပြီးရင်လည်း
ဆေးကုသခွင့်လိုင်စင်ရဖို့အာမခံချက်မရှိပါဘူး
အဲ့တော့ကျွန်တော်ကတော့
လာတက်ဖို့အကြံမပေးပါဘူးခင်ဗျာ 🙃
ဒါပေမယ့် မြန်မာကျောင်းသားအများစုအနေနဲ့ Biomedical Science, Public Health စသဖြင့် ဆေးနဲ့နီးနွယ်တဲ့ ဘာသာရပ်တွေ လာတက်လို့တော့ရပါတယ်။
📍Biomedical Science
Mahidol University : https://sim.sc.mahidol.ac.th/undergra.../biomedical-science/
Rangsit University : https://www.rsuip.org/.../undergraduate/biomedical-science/
📍Biological Science
Mahidol University : https://muic.mahidol.ac.th/.../major-in-biological-science/
https://muic.mahidol.ac.th/.../pathway-to-us-residency.../
သူကတော့ St. George's University, Grenada နဲ့ MD Pathway Program ရှိပါတယ်
Detail Link: https://muic.mahidol.ac.th/.../pathway-to-us-residency.../
📍Public Health
Mae Fah Luang University : https://en.mfu.ac.th/.../bachelor-of-public-health...
St Theresa International College: https://www.stic.ac.th/undergraduate.../education-science
📍Cosmetic Science
📍Beauty Technology
Mae Fah Luang University : https://cosmeticscience.mfu.ac.th/.../cosmetic-science.html
📍Cardiovascular and Thoracic Technology
http://www.cicm.tu.ac.th/cicmN4/index.php
Clinical Technology
http://www.cicm.tu.ac.th/
📍Nursing
Assumption: https://admissions.au.edu/?page_id=1729
ဒီအချက်အလက်တွေက အကြမ်းဖြင်း
sharing လုပ်ပေးခြင်းသာဖြစ်ပါတယ်။
💁🏻♂️ ကျောင်းတစ်ကျောင်းချင်းစီရဲ့
လင့်ကနေ၀င်ရောက်လေ့လာဖို့ အကြံပြုပါတယ်ခင်ဗျာ။
ကျောင်းလျှောက်ဖို့အတွက်
လိုအပ်တဲ့စာရွက်စာတမ်းတွေ နိုတြီပြန်တဲ့အခါမှာ Take Your Time - Online Notary Services ကိုဆက်သွယ်နိုင်ပြီး ထိုင်းနိုင်ငံအတွင်းကျောင်းလျှောက်တာမှ ဗီဇာအဆုံး ကူညီပေးနေပါတယ်ခင်ဗျာ။
သူငယ်ချင်းတွေ ဗဟုသုတရအောင်လို့ share ပေးပါအုန်းခင်ဗျာ။
#medicine
#StudyinThailand
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments
ls May 25, 2023
test