သင်ယူမှုတွေဆိုတာ ရပ်တန့်မနေသင့်ပါ..... 📚📖

Details

ဒီကာလတွေမှာ လူငယ်တော်တော်များများမှာ ကြုံရတဲ့ အခက်အခဲတစ်ခုကတော့ အနာဂတ် လမ်းစတွေပျောက်နေကြတဲ့​ ပြဿနာပါပဲ။ မြန်မာနိုင်ငံက အထက်တန်းပြီးခါစ အရွယ်တွေ တက္ကသိုလ်ကျောင်းသားတွေရဲ့ ကျွန်တော်တို့ ကျွန်မတို့ ပညာရေးတွေက ရပ်တန့်နေရတော့မလား...... ဘာဆက်လုပ်ရမလဲ....... ဆိုတဲ့ စကားသံတွေက ဒီကာလတွေမှာ ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။

ဒီလို အနာဂတ်ပျောက်သလို ခံစားရတဲ့ ခံစားချက်တွေကတော့ အခုမှတော့မဟုတ်ပါဘူး။ လူငယ်ဘဝရယ်လို့ အချိန်အပိုင်းအခြားတစ်ခု ​ရောက်လာရင် လူတိုင်းလိုလို အစဥ်အဆက် ကြုံတွေ့လာရတဲ့ကိစ္စ ဆိုပေမဲ့ အခုလို နိုင်ငံရေးရဲ့ ရိုက်ခတ်မှုကြောင့် အရာရာမှာနှောင့်နှေးနေရတဲ့ ကာလတွေမှာကတော့ ပိုဆိုးတာပေါ့။ ကြိုးစားချင်ရင်တောင် ကြိုးစားခွင့်က အရင်လိုမရှိတော့တဲ့ဘဝ။

ဒီအချိန်မှာ တက္ကသိုလ်တွေ မတက်ဖြစ်ကြသေးပေမဲ့ အားလုံးကတော့ ရပ်တန့်မနေဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကို ပညာရေးခရီး ဆက်နေကြသူတွေ ရှိမယ်လို့ ယုံကြည်ပါတယ်။ ​မိသားစုအထောက်အပံ့ အလုံအလောက် ရတဲ့သူတွေကလည်း ရတဲ့အလျောက် လုပ်နိုင်​​ကြသလို ကျောထောက်နောက်ခံ အင်အားမတောင့်တင်းတဲ့သူတွေ အတွက်လည်း အားငယ်စရာတော့ မရှိပါဘူး။ ဒီအချိန်မှာ လူငယ်တွေရဲ့ သင်ယူလေ့လာမှူတွေ အဆက်ပြတ်မသွားအောင် ပညာရေးအခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ ကျွန်တော်တို့ Take Your Time လို အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေလည်း အသီးသီးရှိကြပါတယ်။

တစ်ချို့ကျတော့လည်း Learning လုပ်ဖို့အတွက်ထုံးစံအတိုင်း ကိုယ်စိတ်ဝင်စားတာကို ဘာမှန်းမသိကြသေးဘူး။ Business လည်း လေ့လာချင်တယ် Language လည်း သင်ချင်တယ် Graphic Design ဘာညာဆိုလည်း စိတ်ဝင်စားတယ် ဒီလိုမျိူး ဖြစ်ချင်တာများပြီး ဘာကို Focus ရမှန်းမသိတာမျိုး ကိုယ်ယူထားတဲ့ မေဂျာနဲ့ ကိုယ်တစ်ကယ် စိတ်ဝင်စားတဲ့ နယ်ပယ်နဲ့မကိုက်တာမျိုး တွေလည်း ဒုနဲ့ဒေးပါ။ ဆိုတော့ ကျွန်တော့်အနေနဲ့ အကြံပေးချင်တာကတော့ လက်ရှိမှာကိုယ်က ဆယ်ကျော်သက်အရွယ် ဆိုရင်တော့ နယ်ပယ်အားလုံး လေ့လာကြည့်စေချင်တယ်။ Explore လုပ်ကြည့်စေချင်ပါတယ်။ အဲဒီလို Explore လုပ်ရင်းနဲ့မှ ကိုယ်အမှန်တစ်ကယ် စိတ်ဝင်စားတဲ့အရာကို ရှာဖွေတွေ့ရှိလာမှာပါ။ ဒီလိုကနေ Knowledge တွေပိုရလာ Network တွေပိုကျယ်ပြန့်လာပြီးတော့ အဲဒီကရတဲ့ အတွေ့အကြုံတွေက ကိုယ်ရဲ့ Personal Development အတွက်ပါ အထောက်အကူဖြစ်မှာပါ။

ဒီလိုမဟုတ်ဘဲ ကိုယ်က ကျောင်းပြီးတဲ့အရွယ် ၂၀ ကျော် ၂၂,၂၃ ဝန်းကျင်ဆိုရင်တော့ ကိုယ်စိတ်ဝင်စားတဲ့ အရာတွေထဲက ဘယ်အရာကိုတော့ ကိုယ်ရဲ့ Career အဖြစ်လုပ်ကိုင်ချင်မလဲ ဘယ် Field ကိုတော့ ရေရှည်ဆက်ပြီး လေ့လာသင်ယူချင်မလဲ ဆိုတဲ့ ရွေးချယ်မှုတွေကိုတော့ စဥ်းစားရတော့မှာပါ။ Career choice တစ်ခုရှိသွားပြီဆိုရင်တော့ နောက်ထပ်ကိုယ်ရဲ့ Side hobby တွေအနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကိုပါ လေ့လာသွားတာမျိုးပေါ့။

Life long learning ဆိုတဲ့အတိုင်း လေ့လာသင်ယူမှူ တွေဆိုတာ ရပ်တန့်နေသင့်တဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ကျောင်းတွေမတက်ရသေးပေမဲ့လည်း အင်တာနက် ဆိုတဲ့ Resource တစ်ခုကြီးရှိနေသေးသရွေ့ အခွင့်အရေးတွေကတော့ အများကြီးပါပဲ။ တစ်ဖက်မှာလည်း တော်လှန်နေကြတဲ့ လူငယ်တွေကို သတိရပြီး ကိုယ်တတ်နိုင်တဲ့ဖက်ကနေ တော်လှန်ဖို့လည်း မမေ့ပါနဲ့နော်။ တော်လှန်ရေးကြီး အောင်မြင်မှ ကျွန်တော်တို့ရဲ့ အနာဂတ်တွေ အိပ်မက်တွေကလည်း ဆက်ပြီးရှင်သန်ခွင့်ရမှာ ဖြစ်တယ်ဆိုတာလည်း သတိချပ်စေချင်ပါတယ်။

ဆိုတော့ TYTimers တို့ရော ကျောင်းမတက်ရတဲ့အတောအတွင်း ဘာတွေလေ့လာဖြစ်လဲ ဘာတွေဆက်လေ့လာဖို့ စဥ်းစားထားလဲ ပြီးတော့ ဒီလို Online Learning တွေလုပ်တဲ့အခါမှာရော ဘယ်လို အခက်အခဲတွေကြုံရလဲဆိုတာ ကျွန်တော်နည်းနည်းလောက် စပ်စုကြည့်ချင်လို့ Comment ထဲမှာဝင်ပြီး ဆွေးနွေးပေးသွားပါဦး။ ​


#lifelonglearning
#continuouslearning
#takeyourtimemyanmar


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!