ရှိကြလားတော့မသိဘူး၊ ကျွန်တော့်ကိုဘာအလုပ်လုပ်နေလဲလို့မေးလို့ UI/UX Designer လို့ပြောလိုက်ရင်အတော်များများကမသိကြဘူး၊ အထူးသဖြင့်လူကြီးတွေပေါ့။ ဒီလိုကြုံရရင် ပြန်ရှင်းပြရတာနဲ့တင်ကြာနေမှာဆိုးလို့ Designer လို့ပဲပြောပြောနေရတာများပါပြီ။
Design ဆိုတဲ့နယ်ပယ်ကတော်တော်ကျယ်ပြန့်ပါတယ်။ သမားရိုးကျ အရာဝတ္ထုပစ္စည်းတွေကို design လုပ်ရတာကိုအသာထားဦး၊ Digital ကိုအားကိုးပြီးလုပ်ရတဲ့ design တွေမှာတင် Graphic Design လား၊ Architect လား၊ Digital Art လား အစရှိသဖြင့်ကျယ်ပြန့်ပါသေးတယ်
ဒီနေ့မှာကတော့ Local ထဲမှာတောင် အလုပ်ခေါ်စာတွေမှာ စပြီးမြင်စပြုလာရတဲ့ UI/UX Design ဆိုတာဘာလဲ၊ UI/UX Designer တွေဘာလုပ်ရလဲဆိုတာကို ပြောပြပေးသွားမှာပါ
TYTimers တို့ထဲမှာဒီစာကိုဖတ်နေတဲ့သူက UI/UX ကိုစလေ့လာနေတဲ့သူ၊ ဒီလိုမျိုးတွေကြုံနေရတဲ့သူဆိုရင်တော့ လူကြီးတွေကိုပြန်ပြလို့ရအောင် လိုက်ခဲ့လိုက်နော် 👀
🔸🔸🔸
UI/UX Design ဆိုတာ
ဒီဘက်ခေတ်ကြီးက Digital ကိုအရမ်းအားကိုးလာရတဲ့အချိန်မှာ အကုန်လုံးက Online ပေါ်ကိုရောက်လာကြပါပြီ။ ဒီအရွေ့ကိုပိုမြန်သွားစေတာကတော့ Covid pandemic ပါ။ Covid ကာလမှာ ကျွန်တော်တို့အရင်ကလုပ်ခဲ့ဖူးသမျှတွေအကုန်လုံးနီးပါး Digitally အရတွေဖြစ်ကုန်တယ်။ ဈေးရောင်း ဈေးဝယ်ကအစ၊ စားစရာ သောက်စရာမှာတာအဆုံး အကုန်လုံးကို Online ပေါ်ကနေပဲလုပ်ကြတော့တယ်။ ဆိုတော့ ဒီဟာတွေလုပ်ဖို့အတွက် Website တွေ၊ Mobile App တွေပိုလိုအပ်လာတယ်၊ အရင်ကထက်လည်းပိုသုံးဖြစ်လာတယ်။ ဥပမာ - အစားအသောက်မှာဖို့အတွက်ဆို Grab ရှိတယ်၊ ငွေပေးချေမှုတွေလုပ်ဖို့ KPay, Wave Pay လိုဟာတွေရှိလာတယ်။
ဒီနေရာမှာ UI/UX ရဲ့ အခန်းကဏ္ဏကဝင်လာတာပေါ့ 💁♂️
UI နဲ့ UX ကသပ်သပ်စီပါ။ UI က User Interface ကိုပြောချင်တာဖြစ်ပြီးတော့၊ UX ကတော့ User Experience ကိုဆိုလိုတာပါ။ နာမည်ကသပ်သပ်စီဆိုပေမဲ့ Process မှာကတော့ခွဲထားလို့မရပါဘူး။ UI/UX ကို အတိုဆုံးနဲ့၊ အရိုးရှင်းဆုံးရှင်းပြရရင် ကျွန်တော်တို့သုံးနေတဲ့ Website တွေ၊ Mobile App တွေ လက်တွေ့ဘဝမှာသုံးလို့ရအောင် Program မရေးခင်မှာ Design ဆွဲရတဲ့ Process လို့အကျဉ်းချုံးမှတ်ထားလို့ရပါတယ်
ကျွန်တော်တို့သုံးနေတဲ့ App တွေ၊ Website တွေက 'ဟပ်ချလောင်း'ဆိုပြီးထွက်လာတာမဟုတ်ပါဘူး။ Research တွေလုပ်ရတယ်၊ Ideate လုပ်ရတယ်၊ Design ဆွဲ၊ Program ရေး၊ Testing တွေလုပ်ပြီးတော့မှ လူတိုင်းသုံးလို့ရတဲ့ App အဖြစ်ထွက်လာတာပါ။ အရင်ကတော့ တချို့ Developer တွေက Design ကိုအကြမ်းလောက်ပဲဆွဲပြီး ရေးကြတာလည်းရှိတယ်၊ နောက်ပိုင်း လူတွေကဒီအပေါ်မှာပဲပိုအချိန်ကုန်လာကြတဲ့အချိန်မှာ ပိုကောင်းတဲ့ Visual တွေ၊ Experience တွေကိုပေးနိုင်ဖို့ UI/UX ကိုဦးစားပေးလာကြတာပေါ့။
🔸UI Design(User Interface Design)
UI ဆိုတာကတော့ App တစ်ခု၊ Website တစ်ခုကိုဝင်လိုက်တဲ့အချိန်မှာ မြင်ရသမျှ Color တွေ၊ Button တွေ၊ Font တွေ၊ Illustration လေးတွေစတဲ့ User တစ်ယောက်မြင်နိုင်သမျှ Design Element တွေကိုဆိုလိုတာပါ။ UI Designer ရဲ့အလုပ်ကတော့ ဒါတွေကိုအလှဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် User ကိုဘယ်လိုတင်ဆက်ရမလဲဆိုတာပါပဲ။ ဥပမာ - Font ကိုဘယ်ဟာသုံးပြီးတော့ Title မှာတော့ဘယ် size လောက်ထားမလဲ၊ Color ကို brand နဲ့ကိုက်အောင်ဘယ်လိုသုံးမယ်၊ Layout ဘယ်လိုချမယ်၊ Button တွေကိုတော့ဘယ်လောက် size ထားမယ်၊ ခလုတ်လေးကိုနှိပ်ရင် Animation ကဘယ်လိုသွားမယ် စတာတွေကိုစဥ်းစားပြီးတော့ Wireframes(ပုံကြမ်း)တွေ၊ Prototypes တွေဖန်တီးကြရပါတယ်။
🔸UX Design (User Experience Design)
UX ဆိုတာကတော့ User ကဒီ App တစ်ခု၊ Website တစ်ခုကိုသုံးတဲ့အချိန်မှာ ခံစားရတဲ့ အတွေ့အကြုံတွေ၊ စိတ်ခံစားချက်တွေ၊ Psychology နဲ့လည်းပတ်သတ်နေတာကြောင့်ပိုကျယ်ပြန့်ပါတယ်။ UX Design ရဲ့အဓိကရည်ရွယ်ချက်ကတော့ Software တစ်ခု၊ ကုန်ပစ္စည်းတစ်ခုကို user တွေကိုအလွယ်ကူဆုံး၊ အချောမွေ့ဆုံးနဲ့အလုပ်ပြီးမြောက်အောင် ရည်ရွယ်ပြီး Design လုပ်ရတာပါ။ User တစ်ယောက်မှားနိုင်တဲ့ မှားနိုင်ခြေတွေကိုပါတွက်ချက်ပြီး အရန် Feature တွေထည့်ပေးတာမျိုးပေါ့။ ဒါကို ဥပမာပေးရရင် - Gmail မှာကျွန်တော်တို့က Mail တစ်ခုကိုမှားဖျက်မိရင် Undo ဆိုတဲ့ Pop-up လေးတက်လာတာကိုသိကြမှာပါ။ ကိုယ်မှားဖျက်မိတာဆိုရင် Undo ကိုနှိပ်ပြီးပြန်ယူထားရုံပါပဲ။ ဒီလိုတွေသိဖို့ဆိုတာက ကိုယ်ကိုယ်တိုင်ကလည်း User တစ်ယောက်နေရာကဝင်ခံစားပြီးတော့နားလည်နိုင်မယ့် Empathy ကလိုအပ်ပါတယ်။ ကိုယ်သာဒီလိုမှားနှိပ်မိရင်ဆိုတဲ့ အသိပေါ့
နောက်ပြီး UX က software တွေမှာပဲရှိတာမဟုတ်ပါဘူး။ User Experience (အသုံးပြုသူရဲ့အတွေ့အကြုံ) ဖြစ်တဲ့အတွက် ကျွန်တော်အသုံးပြုသမျှအရာတိုင်းမှာ UX ဆိုတာရှိပါတယ်။ အမြင်သာဆုံး ဥပမာပေးရရင် - Mini mart တွေ၊ Shopping Mall တွေရဲ့ အဝင်အဝတွေမှာ တံခါးဖွင့်တော့မယ်ဆိုရင်အမြဲတိုင်ပတ်ကြတာကျွန်တော်တင်ပဲလား။ တံခါးက တွန်းရမှာလား၊ ဆွဲရမှာလား၊ Slide လုပ်ရမှာလား၊ သူ့ဘာသာ automatic ပွင့်မှာလား အမျိုးမျိုးရှိပါတယ်၊ ဒါကိုဖြေရှင်းဖို့ တံခါးတွေမှာ PULL, PUSH စာတွေကပ်ထားတာပေါ့။ ဒါလည်း UX ပါပဲ။ ဒီလိုရိုးရှင်းတဲ့ တံခါးလေးတစ်ခုမှာတောင် အလွယ်ကူဆုံးဖြစ်အောင် UX ကကူရပါတယ်။
UI/UX ကိုချုပ်ပြီးတော့ ဥပမာပေးပြောရရင် ရုပ်ချောချောနဲ့ကောင်လေးတစ်ယောက်ရှိတယ်ဆိုပါတော့၊ အသားအရည်ကလည်း နုအက်အုဖက်နေတာပေါ့။ ပြောရမယ်ဆိုရင် UI ကောင်းတယ်ပေါ့။ ဒါကကျွန်တော်တို့မျက်စိနဲ့မြင်နိုင်တယ်။ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထားကတော့ UX ပေါ့။ ဒါကိုတော့ကျွန်တော်တို့မျက်စိနဲ့မမြင်နိုင်တော့ဘူး၊ ဒါကိုသိနိုင်ဖို့ဆိုရင် သူနဲ့ပေါင်းသင်းကြည့်မှပဲရပါလိမ့်မယ်။ ဒီလိုပါပဲ Software တစ်ခုရဲ့ User Experience ကိုသိဖို့ဆိုတာလည်းသုံးကြည့်တော့မှသိမှာပါ။
Graphic Designer တွေ Adobe Illustrator သုံးသလိုပါပဲ၊ UI/UX Designer တွေသုံးရတဲ့ tools တွေလည်းရှိပါတယ်။ အသုံးများကြတာကတော့ Figma, Adobe XD, Sketch စတာတွေပဲဖြစ်ပါတယ်။
ဒီနိုင်ငံမှာကတော့ နိုင်ငံရဲ့အခြေအနေကြောင့်လည်းကောင်း၊ လုပ်ငန်းတွေကအရမ်းမကျယ်ပြန့်တာကတစ်ကြောင်းတွေကြောင့် UI/UX Designer သီးသန့်အလုပ်ခေါ်ကြတာမျိုးကရှားပါတယ်။ များသောအားဖြင့် Frontend Developer (UI/UX + Coding) ဆိုပြီးပဲ ခေါ်ကြတာများပါတယ်။ နာမည်ကြီး Tech Company တွေမှာဆိုရင် UI Designer, UX Designer ဆိုပြီးသက်သက်ခေါ်တဲ့အပြင်၊ UX Designer တွေဆိုရင် Psychology ကိုတောင် နားလည်ရတာကြောင့် လစာကလည်းရှယ်ပါပဲ။ 2021 ရဲ့ World Wide Popular အဖြစ်ဆုံးဘာသာရပ်တွေမှာ UI/UX Design က No.(4) နေရာထိကိုရောက်ရှိလာပါပြီ။
ဒီစာကိုရေးနေတဲ့ Admin က လက်ရှိ UI/UX Designer အနေနဲ့အလုပ်လုပ်နေတာမလို့ TYTimers တို့ထဲက UI/UX လေ့လာနေတဲ့သူရှိတယ်ဆိုရင် မေးချင်တာတွေကိုမေးသွားလို့ရတယ်နော်။ နောက်ပြီး ကျွန်တော် UI/UX Designer တစ်ယောက်ဘယ်လိုဖြစ်လာတယ်၊ Employed ဖြစ်အောင်ဘယ်လိုလုပ်ခဲ့တယ်ဆိုတာတွေကိုသိချင်တယ်ဆိုရင် Content တစ်ပုဒ်ဖန်တီးပေးမှာမလို့ ment မှာ request သွားလို့လည်းရတယ်နော် 👀🤍
အားလုံး ကောင်းသောနေ့လေးပါဗျ ✨
#Barry
#takeyourtimemyanmar
#UIUX
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments