UI/UX Designer တစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်မလဲ?

Details

How I became a self-taught UI/UX Designer and got employed? 💁‍♂
Hi Guys!!
ပြီးခဲ့တဲ့အပတ်က UI/UX Designer ဆိုတာဘာလဲတင်လိုက်တော့ မထင်မှတ်ထားလောက်အောင် ဒီနယ်ပယ်ကိုစိတ်ဝင်စားတဲ့သူတွေရှိတာရယ်၊ တောင်းဆိုကြတာတွေလည်းရှိတာကြောင့် အပျင်းမထူဘဲနဲ့ အမြန်လေးပဲ ကျွန်တော် Self-taught UI/UX Designer တစ်ယောက်ဘယ်လိုဖြစ်လာတယ်ဆိုတာနဲ့၊ UI/UX Designer အဖြစ်ဘယ်လိုအလုပ်ရခဲ့လဲဆိုတာကို အာလူးဖုတ်ပေးသွားမှာပါ။
အားလုံး လိုက်ခဲ့လိုက်တော့နော် 👀
Back to 2022...... ⌛
ကျွန်တော် ဒုတိယနှစ်တက်စအချိန်ပေါ့။ ကျွန်တော်က Computer Science ကျောင်းသားဖြစ်လို့ ကျောင်းမှာ Programming ကိုအဓိကသင်ရတယ်။ Exam မဖြေခင်မှာ Bus Ticket System ဆိုတဲ့ mini project လေးတစ်ခုလုပ်ရတယ်။ ဖြစ်ချင်တော့ ပြီးပြီးရောဆိုပြီး လုပ်တော့ UI ကတော့အတော်လေး ဝဲတာပေါ့ဗျာ။ အဲ့လိုနဲ့ Covid ကျောင်းတွေပိတ်တော့ Project လေးကို revised ပြန်လုပ်ရင်း UI ကောင်းအောင်လုပ်မယ်ဆိုပြီး လိုက်ကြည့်ရာကနေ Video တစ်ခုမှာ Design အကြမ်းဆွဲပြတာတွေ့ပါလေရော။ ငါလည်းစမ်းကြည့်ရမယ်ဆိုပြီး စလုပ်ရာကနေ ပိုးဝင်သွားတယ်ဆိုပါတော့...
🔸Passion wasn't born by itself
ဒီမတိုင်ခင်တည်းက UI/UX ဆိုတာဘာလဲ သဘောတရားလောက်သိပေမယ့် Design နယ်ပယ်သည် ကျွန်တော်နဲ့မသက်ဆိုင်သလိုခံစားရလို့စိတ်မဝင်စားခဲ့ဘူး။ ခုချိန်ပြန်တွေးရင်ရယ်စရာပေါ့။ ဒါကြောင့် ခုမှ UI/UX ကိုစမယ့်သူတွေလည်း "ငါကတော့ ပုံဆွဲတာလည်း ပါရမီမပါဘူး၊ Design sense လည်းမရှိဘူး" ဆိုတဲ့ အတွေးတွေရှိနေရင် ခေါက်ထားလိုက်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ခုချိန်ထိခဲတံတစ်ချောင်းနဲ့ ပုံတစ်ပုံတောင်ကောင်းကောင်းမဆွဲတတ်သေးပါဘူး
🔸Learn Design Principles
ကျွန်တော်စပြီးလုပ်တော့ ပြဿနာတက်တာက Design sense မရှိတာပဲ၊ Layout တွေကလည်းပေါက်ကရတွေဖြစ်လိုဖြစ်နဲ့။ အဲ့မှာစပြီးတော့ Design Principles တွေလေ့လာရတော့တယ်။ Design Principles ဆိုတဲ့နေရာမှာ Graphic Design နဲ့ပတ်သတ်တာလည်းရှိသလို၊ UI/UX Design နဲ့ပတ်သတ်တာတွေလည်းရှိတယ်။ ကျွန်တော် အကြံပေးချင်တာကတော့ Graphic Design Principles တွေကိုစလေ့လာဖို့ပါပဲ။
ဒီအပိုင်းက Graphic Design ဘက်ကလာမယ့်သူတွေကကိစ္စမရှိပေမဲ့၊ ကျွန်တော်တို့လို coding ဘက်ကလာတဲ့သူတွေကတော့ဒါကိုစလေ့လာသင့်ပါတယ်။ ဥပမာ - Layout Composition ဘယ်လိုချတာ၊ Color Theory တွေ၊ Typography တွေ၊ Font အမျိုးအစားတွေ၊ ဘယ် font ကိုတော့ဘယ်လိုနေရာမှာသုံးတာ စတာမျိုးတွေပေါ့။ အခက်အခဲဖြစ်မလားဆိုရင်တော့ နိုး ပါ။ သင်တန်းတက်စရာလောက်ထိလည်းမလိုပါဘူး။ တက်မယ်ဆိုရင်လည်း ဈေးကများတာသိတဲ့အတိုင်းပါပဲ။ ကျွန်တော်ကတော့ စာအုပ်ဖတ်ရတာပျင်းလို့ Online ကနေပဲ Article တွေရှာဖတ်ရင်းနဲ့ လေ့လာခဲ့တာပါ
🔸Learn Design Software Tools
လယ်ထွန်မယ်ဆိုနွားလှည်းလေးနဲ့မှ အဆင်ပြေသလို၊ စပြီး Design တွေဆွဲကြည့်တော့မယ်ဆိုရင် Software Tool ကတော့လိုလာပါပြီ။ ခုလက်ရှိ Industry ထဲမှာ Designer တွေအသုံးများတာကတော့ Figma၊ Adobe XD၊ Sketch နဲ့တခြားလည်းရှိပါသေးတယ်။ လက်ရှိမှာ အစွာဆုံးနဲ့ Community အကြီးဆုံးဖြစ်နေတာကတော့ Figma ပါ။ Figma ကပေါ်တာသိပ်မကြာသေးပေမယ့် User Familiar ဖြစ်တာကြောင့်ဒီနှစ်တွေမှာ အတော်လေးထိုးတက်လာတာပါ။ အလုပ်ခေါ်စာတွေမှာလည်း Figma ကိုဦးစားပေးခေါ်တာတွေများလာတာတွေ့ရမှာပါ။
ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ ကိုယ့်အတွက် Right tool ကိုရွေးဖို့ပါပဲ။ ကျွန်တော်ဆို Adobe XD နဲ့ UI/UX ကိုစလုပ်ခဲ့ပေမဲ့၊ ကျွန်တော့်ရဲ့ Potato Laptop လေးနဲ့အဆင်မပြေခဲ့ပါဘူး။ ရှာဖွေရင်းနဲ့မှ Web app အနေနဲ့ပါသုံးလို့ရတဲ့ Figma ကိုတွေ့သွားတာက ရတနာလေးတစ်ခုတွေ့လိုက်သလိုပါပဲ။ အခုမှစမယ့် Beginner တွေကိုတော့ Figma နဲ့စဖို့ပဲ ကျွန်တော်ကတော့အကြံပေးချင်ပါတယ်။ Easy to use ဖြစ်သလို၊ တခြားသော Designer တွေကတင်ထားတဲ့ Design Projects တွေကိုပါ လေ့ကျင့်ဖို့အလွယ်တကူယူသုံးလို့ရတာရယ်၊ Plugins ပေါင်းရာနဲ့ချီ ရှိတာတွေကြောင့်ပါ။
🧠 Train your brain, Make Consistency
ဒါကတော့ ဘယ်နယ်ပယ်ရောက်ရောက်အရေးကြီးပါတယ်။ ဘယ်လောက်ပဲ Creative ဖြစ်နေပါစေ၊ Consistency မရှိရင် မမောင်းတာကြာတဲ့ ESport ကားလိုပါပဲ။ တခြား Designer တွေဘယ်လိုလုပ်လဲ၊ Color တွေဘယ်လိုသုံးတယ်၊ Layout ဘယ်လိုချတယ်၊ Trend ကကောဘယ်လိုရှိတယ်ဆိုတာ အမြဲမပြတ်လေ့လာနေမှရမှာပါ။ ဒါတွေလေ့လာဖို့ ပြီးခဲ့တဲ့တစ်ခေါက်ကပြောတဲ့ Behance, Dribbble တို့မှာကော၊ Instagram မှာပါလေ့လာလို့ရပါတယ်။ #uiux လို့ရှာပြီး topic ကို follow လုပ်ထားလိုက်ပါ။ YouTube မှာဆိုလည်း ရာပေါင်းများစွာသော Designer တွေရဲ့ Channel တွေရှိပါတယ်။
Figma ထဲမှာဆိုလည်းခုဏကပြောသလို တခြား Designer တွေရဲ့ Project တွေကိုအလကားယူလုပ်ပြီး လေ့ကျင့်လို့ရပါတယ်။ ဒီလိုလေ့လာနေမှ Design တစ်ခုကောင်းတယ်၊ ဆိုးတယ်ဝေဖန်လာနိုင်မှာပါ။ အသားကောင်းတဲ့ အင်္ကျီတစ်ထည်ဝတ်ပြီး နောက်ပိုင်း ဘယ်အင်္ကျီကတော့အသားကောင်းတယ်၊ မကောင်းဘူးသိသလိုမျိုးပေါ့။ Facebook တောင်တစ်နေကုန်သုံးနိုင်သေးတာပဲ၊ ဒါတွေကို မိနစ်ပိုင်းလောက်ဝင်ကြည့်ရင်တောင်အလုပ်ဖြစ်ပါတယ်
UI/UX နဲ့နည်းနည်းအသားကျလာပြီဆိုရင် UX Design နဲ့ပတ်သတ်တဲ့ စာအုပ်တွေ၊ Article တွေဖတ်လို့ရပါပြီ။ ကျွန်တော်ကတော့ စာအုပ်ဖတ်ရတာပျင်းတဲ့သူမလို့၊ Article တွေရှာဖတ်ပါတယ်။ Article တွေကိုတစ်စုတစ်စည်းထဲဖတ်ဖို့အတွက်ဆို -
Medium - medium.com ကို recommend လုပ်ပါတယ်။
🔸Expand Your Network
ကိုယ့်ကိုကိုယ်လက်စွမ်းပြလာနိုင်ပြီလို့ထင်ရင်တော့ mini project လေးတွေလုပ်ကြည့်ပါ။ Design system လေးတွေ၊ App design၊ Website design လေးတွေလုပ်ကြည့်ပါ။ လုပ်ပြီးရင်လည်း ဒီတိုင်းမထားပါနဲ့။ Social Media တွေမှာတင်ပါ သပ်သပ်ရပ်ရပ်လေးလုပ်ပြီးတော့၊ ကျွန်တော်ဆိုရင် Instagram မှာတင်ဖြစ်တယ်၊ Facebook မှာတော့ Professional ဆန်တယ်လို့မခံစားရတာကော၊ မျက်စိလည်းမနောက်ချင်တာကြောင့်မတင်ဖြစ်ပါဘူး။ ဒီထက်ပိုပြီးတော့ Professional ဘက်ကိုခြေလှမ်းချင်တဲ့သူတွေကတော့ Behance တို့မှာတင်ပါ။ ဒါပေမဲ့ သပ်သပ်ရပ်ရပ်လေးတော့ဖြစ်ပါစေ။ ကျွန်တော်ဆိုရင် အလုပ်လျှောက်တုန်းက Project တွေကိုလိုက်ရှာနေစရာမလိုဘဲနဲ့၊ Behance profile ပဲ Tag တွဲပြီးထည့်ပေးလိုက်တာပါ။
🔸Make a Portfolio
ဒါကတော့ အလုပ်လျှောက်ဖို့ဆိုရင်အရေးကြီးဆုံးပါပဲ။ Mini project လေးတွေအတိုင်းအတာတစ်ခုထိရောက်လာပြီဆိုရင် ကိုယ်ပိုင် Portfolio တစ်ခုလုပ်ကြည့်ပါ၊ Portfolio ကဘာလဲဆိုတာ ပြီးခဲ့တဲ့တစ်ခေါက်ကသိပြီးလောက်ကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့လက်စွမ်းတွေကိုတစ်နေရာထဲမှာကြည့်နိုင်ဖို့ Portfolio ကောင်းကောင်းတစ်ခုကတော့လိုပါတယ်။ ကျွန်တော်အလုပ်လျှောက်တုန်းကဆိုရင် ဘာ Certificate မှလည်းမပါသလို၊ ဘာဘွဲ့လက်မှတ်မှလည်းမပါပါဘူး။ တောင်းရင်လည်းမရှိပါဘူး။ ကျွန်တော့် Portfolio ကိုကြည့်ပြီးတော့ ကျွန်တော်ဘာလုပ်နိုင်လဲဆိုတာသိပြီး၊ တခြားသော ရာနဲ့ချီလျှောက်တဲ့သူတွေထဲမှာမှ ခန့်ခံရတာပါ။ ဒါကြောင့် Portfolio တစ်ခုက unique ဖြစ်နေဖို့လည်း အရေးကြီးပါတယ်
အလုပ်ရဖို့လွယ်လားဆိုရင်တော့မလွယ်ပါဘူး။ UI/UX field ကမကျယ်ပြန့်သေးတဲ့ ဒီနိုင်ငံမှာ အလုပ်ခေါ်ရင်တောင် ဘွဲ့လေးနဲ့မှခေါ်ချင်ကြတာပါ။ ရပြန်တော့လည်း ဒီလောက်အချိန်တွေပေးလေ့လာ၊ Brainstorm တွေလုပ်ရတာတောင် လစာက တစ်ပဲခြောက်ပြားပဲပေးချင်ကြတာပါ။ ဒါတောင် အိမ်ကနေပဲ Message reply ပြန်ရုံလောက်အလုပ်ကို ဘွဲ့လည်းမလို၊ Laptop မရှိရင်လည်းထောက်ပံ့မယ်၊ Full time လည်းလုပ်စရာမလို၊ Base salary ကိုတောင် 1 lakh ကနေစပြီးတော့ TYT ကနေ offer ပေးနေတာကို Complain တက်တဲ့သူတွေကိုမြင်ရတော့ အတော်လေးအံ့ဩမိပါတယ်။
နောက်ဆုံးပြောချင်တာကတော့ UI/UX ကပိုက်ဆံသောက်သောက်လဲရပါတယ် (ဒီနိုင်ငံကလွဲရင်) ဒါကြောင့် ဒီနယ်ပယ်ကိုခုန်ကူးတော့မယ်ဆိုရင် အရင်စဥ်းစားပါ။ တချို့ကလည်း ယောင်ပြီးတော့ ကူးလာတာတွေလည်းရှိတယ်။ နောက်ပိုင်း UX ကိုသေချာလုပ်ရင် Psychology တွေပါ ပါတာမလို့ချွေးပြန်သွားပါလိမ့်မယ်။ အဓိကတော့ Passion ရှိဖို့ပါ။ Trend ကလည်းအမြဲပြောင်းနေမှာနဲ့၊ တချို့သော Design principle တွေက အတွေ့အကြုံတွေကနေမှ ရလာမှာမလို့ အချိန်ပေးလေ့လာနေဖို့တော့လိုပါမယ်။
ကဲ စာလည်းတော်တော်ရှည်သွားပြီဆိုတော့ ဒီနေ့မှာ ကျွန်တော် Self-taught UI/UX Designer တစ်ယောက်ဘယ်လိုဖြစ်လာပြီးတော့၊ Employed ဖြစ်အောင်ဘာတွေလုပ်ခဲ့လဲဆိုတာသိသွားလောက်ကြမယ်ထင်ပါတယ်။ ခုမှစလေ့လာမယ့်သူတွေအတွက်လည်း အထောက်အကူတစ်ခုခုရသွားမယ်လို့မျှော်လင့်ပါတယ်၊ မေးစရာရှိရင်လည်း Ment မှာမေးသွားလို့ရပါတယ်ဗျ 🙆‍♂️
အားလုံး ကောင်းသောနေ့လေးပါ 💖✨
Portfolio တစ်ခုဆိုတာ >> https://m.facebook.com/story.php?story_fbid=2239310409555366&id=428105234009235
#Barry
#takeyourtimemyanmar
#uiuxdesigner


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!