University of the People

Details

Hello, TYTimers တို့ အားလုံးပဲ မင်္ဂလာပါခင်ဗျာ
⏱️🙆
ဒီနေ့ ပြောပြချင်တာကတော့ University of the People အကြောင်းပဲ ဖြစ်ပါတယ်၊ University of The People ဆိုတာ 2009 January မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Non-profit and tuition free အဝေးသင် တက္ကသိုလ်တစ်ခုဖြစ်ပြီး လက်ရှိမှာလည်းကျောင်းသား ၇၅,၃၉၀ ဦးတက်ရောက်လျက်ရှိပါတယ် ... 🥳
University of the People မှာ -
1. Business Administration
2. Computer Science
3. Education
4. Health Science
စတဲ့ဘာသာရပ်တွေတွေကို လိုချင်တဲ့ Degree or Certificate ‌ရွေးချယ်တတ်ရောက်နိုင်ပါတယ် ... 💁
ဘာသာရပ်တစ်ခုစီအတွက် Associates’ Degree, Bachelor Degree နဲ့ Master Degree တွေအပြင် Certificate တွေအတွက်လည်းတက်လို့ရပါသေးတယ် ... 🤩
University of the People ကနေပြီးတော့ မြန်မာနိုင်ငံအတွက် ပေးအပ်တဲ့ Scholarship တစ်ခုလည်းရှိပါတယ်၊ အထူးသဖြင့် Associate’s Degree (2 Years Program) အတွက်အဓိကပေးအပ်တာပါ ... ✌️
Associate’s Degree အတွက်က ပုံမှန်ဆို $2460 ကျသင့်မှာဖြစ်ပေမယ့် scholarship ရရှိထားတဲ့ကျောင်းသားကတော့ 10 Assessment Fee Per Award with Potential Renewal ဖြင့် ရရှိမှာဖြစ်ပါတယ်ခင်ဗျာ ...
Assessment fee က undergraduate အတွက်ဆို $120 နဲ့ graduate အတွက်ဆို $240ကျသင့်မှာဖြစ်ပြီး Associates’ Degree အတွက် Assessment ၂၀ ထိရှိမှာဖြစ်လို့ အိတ်စိုက်က $1200 ထပ်စိုက်ရမှာပါ၊ Online ကနေ ၁၀၀% သင်ရမှာဆိုတော့ ကျောင်းသားတစ်‌ယောက်စီတိုင်းက textbooks တွေနဲ့ Open Education Resources (OER) တွေကို အခမဲ့ ရရှိနိုင်မှာဖြစ်ပါတယ် ...
ကျောင်းသားတွေကို အချင်းချင်း တစ်ဦးနဲ့ တစ်ဦး ဆွေးနွေးခြင်းအပြင် instructor တွေနဲ့ပါဆွေးနွေးတိုင်ပင်နိုင်ဖို့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားပါတယ်၊ Course တလျှောက်မှာ reading assignments နှင့် discussion forums တွေကိုပြုလုပ်ပေးထားမှာဖြစ်ပြီးတော့ recorded videos တွေကိုလည်း ရရှိမှာဖြစ်ပါတယ်၊ academic term တစ်ခုစီက (၉) ပတ်စီကြာမြင့်မှာဖြစ်ပြီးတော့ learning units ရှစ်ခုကို တစ်ပတ် unit တစ်ခုစီကိုလေ့လာရမှာဖြစ်ပါတယ်၊ တစ်ပတ်ချင်းစီတိုင်းအတွက် ...
1. Learning Guide
2. Discussion Forum
3. Written Assignment
4. Learning Journal
5. Self-Quiz တွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။
(၉) ပတ်မြောက်မှာတော့ final exam ကိုဖြေဆိုရမှာပါခင်ဗျာ ...
စိတ်၀င်စားသူများ လျှောက်ထားနိုင်ဖို့အတွက် ဒီ Scholar ကို try ခဲ့တဲ့ အကိုတစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်အ‌တွေ့အကြုံအရ မျှဝေပေးထားတာလေးတွေကို အောက်မှာ လေ့လာနိုင်ပါတယ်ခင်ဗျာ ...
Step-1 👨‍🎓👩‍🎓
👉🏻 Myanmar Scholarship Fund ဆိုတဲ့ link ကိုဝင်ရပါမယ် ..
👉🏻 မိမိရဲ့ mail, personal inform & လျှောက်ထားလိုတဲ့ program ရွေးချယ်ရပါမယ် ..
👉🏻 လျှောက်ထားခဲ့တဲ့ mail ကို confirm ပြုလုပ်ဖို့အတွက် UoPeople ဘက်မှာ mail တစ်စောင်ဝင်လာပါလိမ့်မယ်ခင်ဗျာ ..
Step-2 👨‍🎓👩‍🎓
👉🏻 ကိုယ့်ရဲ့ mail ကို confirm ပြုလုပ်ပြီး Portal မှာ login ဝင်တဲ့အခါ Application fee 60$ တောင်းခံတဲ့ Noti ကိုတွေ့ရပါလိမ့်မယ် ..
👉🏻 အဲ့အခါမှာ financial.aid@uopeople.edu ကို application fee အတွက် အခက်အခဲရှိကြောင်း mail ပို့လို့ရပါတယ် ..
👉🏻 မြန်မာပြည်ကကျောင်းသားတစ်ယောက်ဖြစ်ကြောင်း၊ covid pandemic ကြောင့် application fee ပေးဖို့အခက်အခဲရှိကြောင်းလောက် ရေးပြီးပို့လျှင်လုံလောက်ပါတယ်ခင်ဗျာ ..
👉🏻 UoPeople ဘက်မှ တစ်ရက်အတွင်း ကိုယ့်ရဲ့ advisor name နဲ့ Application fee 60$ grant ဖြစ်ကြောင်းကို mail တစ်ခုပြန်ပို့လာပါလိမ့်မယ်ခင်ဗျာ ..
Step-3👨‍🎓👩‍🎓
👉🏻 application fee 60$ grant ဖြစ်ကြောင်း mail ဝင်လာတဲ့အခါ mail ထဲမှာပါရှိတဲ့ link မှတဆင့် UoPeople portal ထဲကို ၀င်ပါ ..
👉🏻 Grant title အောက်က step-1 ဆိုတဲ့နေရာမှာ ပညာအရည်အချင်းကို မိမိနှင့်သက်ဆိုင်တဲ့ အချက်ကို ရွေးပါ ..
👉🏻 ဒုက္ခသည်၊ နိုင်ငံရေးခိုလှုံခွင့်၊ ပြည်တင်းအိုးအိမ်မဲ့ ဟုတ်၊ မဟုတ် မေးတဲ့ နေရာမှာ "No" ကို
ရွေးချယ်ပါ ..
👉🏻 Grant Title အောက်က step-2 "reason of your request" box မှာ သင့်‌လျော်တဲ့ စာလုံးရေး 500-600 (အဆင်ပြေသလောက်သာ) ရေးပြီး "Submit" ကိုနှိပ်ရပါမယ်ခင်ဗျာ ...
Step-4 👨‍🎓👩‍🎓
👉🏻 နောက်တစ်ဆင့်မှာ ယခုလက်ရှိ လျှောက်ထားနေတဲ့ scholarship အတွက် လျှောက်တဲ့သူဘက်မှ ငွေကြေးကုန်ကျခံနိုင်မှုကို မေးလာရင် "0$" (သို့) ကိုယ်ကုန်ကျခံနိုင်တဲ့ ပမာဏကို ထည့်ရပါမယ် .. 👉🏻 ပြီးရင် အောက်က box မှာ scholar နှင့်ထိုက်တန်ကြောင်း၊ ဘာကြောင့် ရသင့်ကြောင်းကို အဆင်ပြေသလိုရေးပြီး "Submit" ကိုနှိပ်ရပါမယ် .. 👉🏻 Requesting process ဖြစ်သွားတဲ့အခါ scholarship လျှောက်ထားတဲ့ process ပြီးစီးပြီဖြစ်ပါတယ်.. UoPeople ဘက်မက 1-3 days အတွင်း assessment 10 ခုစာ $1200 (for BBA students) ရကြောင်း mail ပြန်ပို့လာမှာ ဖြစ်ပါတယ်ခင်ဗျာ ...
Step-5👨‍🎓👩‍🎓
👉🏻 "Admission" အောက်မှာရှိတဲ့ "Foundations Evaluation" ကိုနှိပ်ပါ၊ Upload Supporting Document မှာ ကိုယ့်ရဲ့ IELTS, TOFEL, ESL (သို့)အခြားသော ပညာရေးနှင့်သက်ဆိုင်တဲ့ (English ဘာသာဖြင့်ဖော်ပြထားတဲ့) certify ဖြစ်တဲ့ အရာ‌တွေကို upload တင်ရပါမယ်၊ အဲဒီ document တွေကိုကြည့်ပြီး English Foundation Course တတ်ရန် လို၊ မလို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်ခင်ဗျာ ...
Step-6 👨‍🎓👩‍🎓
👉🏻 Scholarship ရရှိကြောင်း mail နဲ့ sms msg ရောက်လာရင် UoPeople portal သို့ login ဝင်ရပါမယ်၊ My Application tab အောက်က "Do You Need Financial Aid?" ခေါင်းစဉ်အောက်မှာ "Secure My Scholarship Now" icon ကိုနှိပ်ပါ၊ နောက်တစ်ဆင့်မှာ Agreement ကို approve နှိပ်ပြီး ကိုယ့်ရဲ့ နာမည်နှင့် initials ကိုရေးရပါမယ်၊ ဒါဆိုရင်တော့ scholarship လျှောက်ထားမှုပြီးဆုံးပြီး scholarship ရရှိပြီဖြစ်ပါတယ်ခင်ဗျာ၊ ပြီးတော့အခြားလိုအပ်တဲ့ (foundation course) တတ်ရန် လို၊မလို ကို UoPeople ဘက်မှ (သို့) Advisor ကနေပြီး mail or sms msg နဲ့ ဆက်သွယ်ပါလိမ့်မယ်ခင်ဗျာ ...
အစစအရာရာ အဆင်ပြေကြပါစေ❤️
ယခုလို ကိုယ်တိုင်အတွေ့အကြုံ ရရှိခဲ့တဲ့ Application Procedure ကို အသေးစိတ်၊ စနစ်တကျ ရေးသားထားပြီး ကျွန်တော်တို့ TYT ကို ကိုယ်တိုင်ကိုယ်ကျလာရောက်မျှဝေပေးတဲ့ Ko Soe Nyi Nyi ကို တကယ်ပဲ ကျေးဇူးတင် လေးစားဂုဏ်ယူရပါတယ် ...မျှဝေပေးထားတဲ့ Application Procedure တစ်ခုလုံးအတွက် Credit ပေး ဖော်ပြလိုက်ပါတယ်ခင်ဗျာ ...
https://go.uopeople.edu/admission-application.html
ကဲ TYTimers ‌တွေတက်ဖို့ဆုံးဖြတ်လိုက်ရင် ဒီ linkလေးကနေလျှောက်ထားလို့ ရပါတယ်ခင်ဗျာ ...
Application Deadline ကတော့ 12 August ဖြစ်ပါတယ်ခင်ဗျာ ...
Online University ဖြစ်တာနှင့်အညီ self-study ကိုတကယ်အားသာတဲ့သူတွေ၊ University ကနေ Degree တစ်ခုခုကို ရယူလိုသူတွေ တက်ရောက်သင့်ပါတယ်ခင်ဗျာ … 🧡
#chitko
#takeyourtimemyanmar
#UoPeople


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!