US F1 Visa Interview မှာဘာတွေကအရေးပါသလဲ ❓

Details

US F1 Visa Interview မှာဘာတွေကအရေးပါသလဲ ❓

US Student Visa က လွယ်မလိုနဲ့၊တိမ်မလိုနဲ့နက်ပါတယ်။ လျှောက်ကြတဲ့သူတွေအများကြီးထဲမှာမှ Visa Approve ဖြစ်သွားတဲ့ Rate လည်း ယခုကာလမှာနိုင်ငံအခြေအနေကြောင့် တဖြည်းဖြည်းကျဆင်းလာပါတယ် 📉

August Intake အတွက်ကျောင်းသွားတက်မယ့်ကျောင်းသားတွေ Embassy Appointment Date တွေကလည်း ကျပ်နေတာကြောင့် Spring 2023 Intake အတွက် Intake ရွေ့တဲ့သူကရွေ့ ကျောင်းလျှောက်တဲ့သူတွေလည်းကြိုတင်လျှောက်ဖို့လိုပါတယ်။
ဒီနေ့တော့ Interview မှာအ‌ရေးပါတဲ့အကြောင်းအရာလေးတွေကိုရှင်းပြရင်း Tips လေးတွေ sharing လုပ်ပေးသွားပါမယ်ခင်ဗျား 🧐

Interview Date ရပြီဆိုတာနဲ့ -

1️⃣ Documents Preparation

Documents တွေကို ၂ ပိုင်းခွဲခြားပြီးက့ရအောင် ... သံရုံးအင်တာဗျူး၀င်တဲ့နေ့မှာမဖြစ်မနေယူသွားရမယ့်စာရွက်စာတမ်းတွေ (Mandatory မရှိမဖြစ်တင်ပြပေးရမယ်စာရွက်စာတမ်းအမျိုးအစား) အပြင်၊ Supportive Documents ပံ့ပိုးကူညီပေးတဲ့စာရွက်စာတမ်းအမျိုးအစား တွေကိုကြိုတင်ပြင်ဆင်ထားရပါမယ်။

စာရွက်စာတမ်းမပြည့်စုံပါက ရုံးထဲ၀င်ခွင့်မရတာ၊ အင်တာဗျူးဖြေဆိုခွင့်မရတာမျိုးတွေဖြစ်လာနိုင်တာကြောင့် အင်တာဗျူးမတိုင်ခင် တည်းကဖိုင်နဲ့သေချာထည့်ထားသင့်ပြီး ဘယ်နေရာမှာဘယ် စာရွက်တွေရှိတယ်ဆိုတာကိုလည်း ချက်ချင်းမြင်သာအောင်မှတ်သားထားသင့်ပါတယ်။

2️⃣ About Sponsor

ကိုယ့်ကို Sponsor ပေးတဲ့သူရဲ့အကြောင်းကို ကိုယ်မှမသိရင်ဘယ်သူသိနိုင်မှာလဲ Timers တို့ 🧐

Sponsor Name, တော်စပ်ပုံနဲ့ လစဥ်/နှစ်စဥ်၀င်ငွေ, Occupation စတာတွေကို Interviewer မေးတာနဲ့တန်းစီဖြေဖို့ စဥ်းစားထားပါ။

Sponsor က ကိုယ်နဲ့ဘာမှမတော်ရင်သွေးမတော်သားမစပ်တဲ့သူကို Sponsor ပေးခေါ်ရလောက်အောင် ကိုယ်နဲ့ Sponsor ပေးတဲ့သူရဲ့ Relationship ဘယ်လောက် strong ဖြစ်ကြောင်းစသဖြင့် additional လေးတွေ လိုလိုနဲ့တိုတို ထည့်သွင်းဖြေကြားသင့်ပါတယ်။

3️⃣ Interview Questions & Practice

ဒီနေရာ အပိုင်း ၃ ပိုင်းခွဲပြီးပြင်ဆင်ပါ

1. Personal Information
2. University အကြောင်း/ Major အကြောင်း
3. Career Goals စသဖြင့်ဒီမေးခွန်းတွေကိုပတ်မေးနေတာဖြစ်ပါတယ်။
4. တစ်ယောက်ကိုအချိန်အများကြီးမရတာမို့ ထိထိမိမိလိုတိုရှင်းပြောပြပေးနိုင်ရပါမယ် ✔️

4️⃣ Review DS160

တချို့ကလေးတွေရှိတယ်...Interview Training လာတောင်းလို့ Practice လုပ်ကြတဲ့အခါ သူတို့ဖြေတဲ့အဖြေတွေနဲ့ DS-160 က အဖြေတွေနဲ့ကကိုက်ညီမှုမရှိပါဘူး။

DS-160 ကို agent ကဖြည့်ပေးလို့ပဲဖြစ်ဖြစ်ကိုယ့်ဘာသာဖြည့်လို့ပဲဖြစ်ဖြစ် အချက်အလက်တွေကို save လုပ်ထားရင်း ပြန် Review လုပ်သင့်ပါတယ်။

5️⃣ Polish your Language

F1 Visa Interview မှာက ESL Program တွေ visa reject အဖြစ်အများဆုံးပါ ကျွန်တော့နဲ့ရင်းနှီးတဲ့ American ဆရာတစ်ယောက်က အရင် US F1 Visa Counselor အနေနဲ့လုပ်ကိုင်ဖူးပါတယ် ကိုယ်လည်း Visa နဲ့ပတ်သတ်လို့စပ်စုဖြစ်ရင်းဘာလို့ Visa Reject ဖြစ်ရတဲ့ main reason အများစုက နင့်အတွေ့အကြုံအရဆိုဘာလဲတဲ့ သူ့အဖြေကရှင်းပါတယ်
Language ကြောင့်ပါလိုဆိုပါတယ်။

Asian ကျောင်းသားအများစုက English အားနည်းပြီး Interview မှာ Panic ဖြစ်တာတွေကြောင့် အမေးနဲ့အဖြေတလွဲတွေဖြေကြတာတွေကြောင့်လည်းပါသလို့ ESL Program လျှောက်ထားတဲ့သူတွေဆို သူထင်မြင်ချက်က ယခုခေတ်မှာ ဘာသာစကားတစ်ခုလေ့လာဖို့ USA ကိုလာတက်ရတဲ့ခေတ်မဟုတ်တော့ဘူးလေတဲ့🧐 Online ကနေ Free/Paid လေ့လလို့ရတာတွေကိုမလေ့လာပဲ ငါတို့နိုင်ငံလာလေ့လာမှာတတ်မှာမှမဟုတ်တာတဲ့

ဟောဗျ...သူပြောတာလဲအကျိုးအကြောင်းညီညွတ်သား၊
အဲ့တော့ ကိုယ်က တခြား Program တွေလျှောက်ရင်လည်း English Language ကိုလည်းအထူးပြင်ဆင်ထားသင့်ပါတယ်။

USA သွားပြီးသက်ဆိုင်ရာနယ်ပယ်ကပညာတွေသင်မှာဖြစ်တဲ့အတွက် English မှမရရင် သူတို့ဆီမှာမလိုက်နိုင်မှာကြောင့်လည်းပါ၀င်ပါတယ်။ ဒီနေ့တော့ F1 Visa Interview အတွက် Part 5 ခုကိုဒီနေရာမှာပဲရပ်နားလိုက်ပါတယ်ခင်ဗျာ 🙆‍♂️

F1 Visa Interview Practice အတွက် Training Session တွေပေးနေပြီမို့ စိတ်၀င်စားတယ်ဆိုရင်အောက်ပါဖောင်ကနေတဆင့်စာရင်းပေးနိုင်ပါတယ်ခင်ဗျာ ✔️

Link >> https://forms.gle/tGtnR5YtKFiDWmfi9

#takeyourtimemyanmar
#opportunitiesformyanmaryouth
#f1visainterview


Is this content useful to you?

Thanks for your feedback


Add Comment

Comments

cmt_img
SuiNgunTling December 6, 2022

Interview ဖြေဖို့၅ရက်ပဲ ကျန်တော့တာမို့ ဆရာမတို့ဘက်က ရှောင်ရန်လေးတွေ sharingလုပ်ပေးပါရှင်

cmt_img
Myo Thiha Soe November 15, 2022

Interview အတွက် practice လုပ်ဖို့6daysပဲအချိန်ကျန်တော့တာမလို့ အမြန်ဆုံး practice လုပ်ချင်ပါတယ်ခဗျ