We have many choices

Details

ခုလိုအချိန် ခုလိုကာလမှာဆို လူငယ်အများစု လမ်းပျောက်နေပြီးဘာလုပ်လို့လုပ်ရမယ်မသိဘူးဆိုပြီး စိတ်ဓာတ်ကျနေတဲ့သူတွေအတွက် "ကျွန်တော်တို့လူငယ်တွေမှာ ရွေးချယ်ခွင့်တွေအများကြီးရှိနေတာ"ဆိုတဲ့အကြောင်းပြန်တွေးမိစေဖို့...

📖TYTimers တို့‌‌တွေထဲမှာ တက္ကသိုလ်မတက်ရသေးတဲ့လူငယ်တွေ၊တက်လက်စလူငယ်တွေ ၊state ကျောင်းသား/သူတွေ
‌ကျောင်းပြီးသွားပြီး လုပ်ငန်း‌ခွင်ဝင်နေတဲ့သူတွေ/ ကျောင်းဆက်တက်နေတဲ့သူတွေ အစုံရှိပါလိမ့်မယ်...
အဲ့လိုအများကြီး မတူညီတဲ့သူ‌တွေ background အမျိုးမျိုးကပေမဲ့ တူညီတဲ့အရာတစ်ခုကတော့ ဘဝကြီးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး အနာဂတ်အတွက် ရည်မှန်းလျှောက်ရမဲ့လမ်းတွေ ဖြတ်တောက်ခံလိုက်ရတာပါပဲ
"လမ်းပျောက်နေတယ်"ဆိုတဲ့စကားဟာ လူငယ်တွေကြားရေပန်းစားတဲ့ စကားလုံးတောင်ဖြစ်ရောပေါ့
-ဒါပေမဲ့ ကျွန်တော်တို့က လမ်းပျောက်နေတယ်ဆိုပြီးသာ စိတ်ညစ် ညည်းညူနေကြတာ ဒီလိုအချိန်က ကိုယ့်အတွက်‌ရွေးချယ်ခွင့်တွေ အများကြီးပေးနေတာပဲလို့ ပြန်ပြောင်းတွေးမိတဲ့သူအတော်လေးရှားပါတယ်
တစ်လောလေးက ပြီးသွားတဲ့K-Drama တစ်ခုမှာ မင်းသားကသူ့ရဲ့ငယ်ငယ်ကတည်းက အိပ်မက်တစ်ခု ဆက်မက်လို့မရအောင် ကံကြမ္မာကြောင့် ပျက်ဆီးသွားတဲ့အချိန်မှာ မင်းသမီးရဲ့ " ဆုံးရှုံးစရာမရှိဘူး စွန့်စားလိုက်၊ ငါတို့အနာဂတ်က ရွေးချယ်စရာတွေ အရမ်းများနေတာ" ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့ မင်းသားပြန်တွေးမိပြီး ကြီးလာတော့ အောင်မြင်တဲ့နေရာတစ်ခုရသွားတယ်ဆိုပါတော့

ကျွန်တော်ပြောချင်တာကလည်း မင်းသမီးပြောသလိုပါပဲ
ကျွန်တော်တို့အနာဂတ်‌တွေကလည်း " ပျောက်သွားတာမဟုတ်ဘူး ၊ ရွေးချယ်စရာတွေ အများကြီးရှိနေတာပါ "

ဥပမာ-ဆေးကျောင်းတက်နေစဉ် လူငယ်တစ်ယောက်က သူနောက် ဘယ်နှစ်နှစ်ဆိုရင် ဆရာဝန် ဖြစ်မှာလို့ ဆေးကျောင်းစတက်ပြီဆိုကတည်းက အနာဂတ်အတွက် ရည်မှန်းထားကြမှာပါပဲ။ဒါပေမဲ့ ခုလို ကံကြမ္မာက ပြောင်းသွားတဲ့အခါ တချို့‌တွေက 'ဆရာဝန်ပဲလုပ်မယ်'လို့ တွေးထားတဲ့ ဆေးကျောင်းသားအ‌တွက် မျှော်လင့်ချက်‌တွေ ပျောက်ဆုံး၊အနာဂတ်အတွက် ညည်းညူရင်း အချိန်ကုန်‌နေတဲ့မင်းသားလိုသူတွေရှိသလို ၊ တွေးပြီး စိတ်ညစ်နေမဲ့အစား ကိုယ်ဝါသနာပါမယ်ထင်တာတွေ၊ကျောင်းတက်တုန်းက အချိန်မပေးနိုင်ခဲ့လို့ မလေ့လာနိုင်ခဲ့တဲ့ ကျောင်းပြင်ပ ဗဟုသုတတွေ စတာတွေကို လေ့လာပြီး တခြားတစ်ခုခုမှာလည်း အောင်မြင်အောင်၊ကျွမ်းကျင်အောင်လုပ်လို့ရသားပဲ ဆိုပြီး တွေးတဲ့သူတွေလည်းရှိမှာပါ။
ဆေးကျောင်းတက်တုန်းကမှ ဆရာဝန်ဖြစ်မယ်ဆိုတဲ့ chance ပဲရှိတာပါ။ ခုလိုအချိန်မှာ လေ့လာသင်ယူစရာ ရွေးချယ်စရာ အခွင့်အလမ်းတွေ အများကြီးပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်လေ ခုလိုကာလမျိုးမှာ မင်းသားလိုအတွေးမျိုးတွေ တွေးပြီး ဘာမှမကြိုးစားဘဲ အနာဂတ်အတွက်တွေးပြီး စိတ်ညစ်ရင်းအချိန်ဖြုန်းခဲ့ဖူးပါတယ်။ ကျွန်တော်တို့ဟာ ဖန်ခွက်ထဲက ရေတစ်ဝက်ကြီးများတောင်ဆိုတာထက် ရေတစ်ဝက်ပဲ ရှိတယ် ဆိုတဲ့ဘက်ကို တစ်ခါတစ်ရံ ကိုယ်တိုင်တောင်သတိမထားမိဘဲ negative ဘက်က တွေးမိတတ်ကြပါတယ်။ ဖြစ်ရပ်ကြီးကိုဆင်ခြေပေးပြီး ဘာမှမလုပ်ဘဲ ထိုင်ညည်းနေကြမဲ့အစား ရွေးချယ်စရာတွေအများကြီးရှိတာပဲ လို့‌တွေးကြည့်ပါ။
ပြီးတော့ ခုခေတ်မှာ ဘွဲ့ရမှ အလုပ်ရမယ်ဆိုတဲ့ ခေတ်မဟုတ်တော့ပါဘူး။ကိုယ်သာတစ်နေရာရာမှာ ထူးချွန်နေမယ်ဆို အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးပါပဲ..
အနာဂတ်အတွက် တွေးပူပြီး လမ်းပျောက်နေပြီလို့သာ ထိုင်ညည်းနေမယ်ဆိုရင် အဲ့တာမှ တကယ့်ကို အနာဂတ်က လမ်းပျောက်မှာပါပဲ။ဘာလို့ဆိုတော့ ပေးလာတဲ့ အချိန်တွေ ၊အခွင့်အရေးတွေကို ကောင်းကောင်းအသုံးမချဘဲ စိတ်ညစ်နေတာနှင့်ပင် အချိန်ကုန်နေလို့ပါပဲ..
🔎 ယုတ်စွအဆုံး ခုကာလမှာဆို အပြင်သွားဖို့အဆင်မ‌ပြေသည့်တိုင် onlineက‌နေပဲ ကွန်ပျူတာပိုင်းဆိုင်ရာတွေ လေ့လာမလား၊ သင်တန်းတွေ တက်မလား။ ဘာသာစကားတွေ၊တူရိယာတွေပဲ လေ့လာအုံးမလား။volunteer လုပ်မလား ၊ part-time, full-time တစ်ခုခု ဝင်လုပ်အုံးမလား... စသဖြင့် ရွေးချယ်စရာတွေ ကျွန်တော်ပြောထားတာထက်ကို အများကြီးပါ
ကိုယ်ပျော်မယ်ထင်တဲ့ဟာ၊ စိတ်ဝင်စားမယ်ထင်တဲ့ဟာတွေကို try ကြည့်သင့်ဖို့ အချိန်ကောင်းတစ်ခုပါပဲ။ တချို့ဟာတွေက fee မတတ်နိုင်ဘူးဆိုရင်တောင် You Tube or free class တွေမှာ လေ့လာလို့ရပါ‌တယ်

နောက်ပြီး ကျွန်တော်တို့တွေ ခုလိုအချိန်မှာ လမ်းပျောက်နေတယ်လို့ခံစားရတာတွေအပြင် သူများတွေအောင်မြင်နေကြတာကို ကိုယ်နဲ့နှိုင်းယှဉ်ပြီး စိတ်အားငယ်ကြတာတွေလည်း ဖြစ်တတ်ကြပါတယ်။ "သူကတော့ ပန်းချီဆွဲတာအောင်မြင်လိုက်တာ၊ငါလည်း ပန်းချီဆွဲပြီး အောင်မြင်အောင် လုပ်ကြည့်အုံးမှ" ပဲဆိုပြီးတော့ ကိုယ်တိုင်ဝါသနာတကယ်မပါဘဲ သူများဘဝ‌တွေထဲကိုလည်း ဝင်ဝင်သွားတတ်ပြီး အချိန်တွေကုန်သွားကြတာလည်း ရှိကြပါသေးတယ်။
" သူကတော့ အောင်မြင်လိုက်တာ တော်လိုက်တာ ၊ငါ့ကျ ဘာလုပ်လုပ် အဆင်မပြေဘူး" လို့ တွေးမိတယ်ဆိုရင် ခုချိန်ကစပြီး သူများဘဝတွေကိုကြည့်ပြီး စိတ်အားမငယ်ကြပါနဲ့လို့အကြံပေးပါရ‌စေ။သူက ပန်းချီဆရာအနေနဲ့ အောင်မြင်သလို ကိုယ်ကလည်း Blogger တစ်ယောက်အနေနဲ့ အောင်မြင်နိုင်ပါတယ်✨
လူတိုင်းလူတိုင်းမှာ သူတို့အားသန်ရာ talent တစ်ခုစီတော့ ပိုင်ဆိုင်ထားကြပါတယ်( ကိုယ့်အားသန်တဲ့ စိတ်ဝင်စားတဲ့ဟာကို သိဖို့တော့လိုတာ‌ပေါ့)။ ဝါသနာကိုမတွေ့ရှိသေးတဲ့သူတွေကလည်း ကိုယ်ဝါသနာပါမယ်ထင်တာလေးတွေ စမ်းလုပ်ကြည့်ပါ။
အနာဂတ်အတွက် တွေးပြီးပူပန်နေမဲ့အချိန်တွေကို skillတွေ ၊experiences တွေ အများကြီးယူထားပြီး လှပတဲ့အနာဂတ်ကို သန်သန်မာမာ တောက်တောက်ပပနဲ့သာ စောင့်မျှော်နေလိုက်ပါ TYTimersတို့ရေ🤩

ဆိုတော့ ကျွန်တော်တို့တွေလည်း ကျွန်တော်တို့ရဲ့ life plan တွေ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ ငါတို့အနာဂတ်က အဓိပ္ပါယ်မရှိတော့ဘူး လို့ ထိုင်ညည်းနေမဲ့အစား အနာဂတ်က ရွေးချယ်စရာတွေ အများကြီးရှိနေတာ လို့ ပြောင်းတွေးကြည့်လိုက်မယ်ဆိုရင်...............??

" When you focus on problems, you will have more problems.
When you focus on possibilities, you will have more opportunities " ဆိုသလိုပေါ့ ...
အရာရာတိုင်းက ကိုယ်focusလုပ်မဲ့အပေါ်ပဲ မူတည်ပါတယ်✊

ဒါကြောင့် TYTimers တို့ရေ.....

✨ကံကြမ္မာက ကိုယ်ဖြစ်ချင်သလို ဖြစ်မလာ‌ဘဲ ရည်မှန်းချက်တွေပျောက်ဆုံးသွားပြီလို့ တွေးမိတဲ့အခါ လမ်းပျောက်နေတာမဟုတ်ဘဲ ရွေးချယ်မှု၊ရွေးချယ်ခွင့်တွေ အများကြီးပေးထားတာပဲ လို့ ကံကြမ္မာကို ကိုယ်ကပဲ လှည့်ပြောင်း တွေးကြည့်ပြီး ကိုယ်အရင်တုန်းက အချိန်တွေမပေးနိုင်ခဲ့လို့ လုပ်ခွင့်မရခဲ့တဲ့ ဝါသနာတွေ၊အိပ်မက်တွေကို အကောင်အထည်ဖော်ကြည့်လိုက်ပါ✨
ကံကောင်းရင် အဲ့ရွေးချယ်မှုတွေ အများကြီးထဲကပဲ ကိုယ့်အတွက် မှန်ကန်တဲ့ ဘဝရွေးချယ်မှုတွေလည်း ဖြစ်သွားနိုင်ပါတယ် 💫(အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို negativeတွေတွေးပြီး စိတ်ဓာတ်ကျဖို့ အချိန်မရှိတော့ဘူးပေါ့)

ကျွန်တော်တို့တွေးတဲ့အပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ အနာဂတ်၊ မျှော်လင့်ချက်ရောင်ခြည်တွေက ပြောင်းလဲနိုင်တာမို့
TYTimers တို့လည်း မိမိအနာဂတ်အတွက် အချိန်တွေကို ကောင်းကောင်းအသုံးချနိုင်ကြပါစေ။၊မိမိအနာဂတ်သာမက နိုင်ငံ့အနာဂတ်အတွက်လည်း တစ်ဖက်တစ်လမ်းက ပါဝင်ကြဖို့ တိုက်တွန်းရင်း သာယာသော မနက်ခင်းအချိန်အခါလေးဖြစ်ကြပါစေခင်ဗျာ🤍☘️

#choices
#opportunities
#learn
#takeyourtimemyanmar


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!