World Vegan Day

Details

ဟိတ် ဟိတ် TYTimers လေးတို့ရေ... 🙋‍♂️
ဒီကနေ့ နိုဝင်ဘာ (၁) ရက်နေ့ဟာ World Vegan Day ဆိုတာသိကြပါသလား 🥗
မြန်မာလိုဆိုရရင်တော့ ကမ္ဘာ့သတ်သတ်လွတ်စားသုံးသူများနေ့ပေါ့။ ဒီတစ်ရက်ပဲသတ်သတ်လွတ်စားကြတာတော့မဟုတ်ပါဘူး။ ဒီရက်ကစပြီး နိုဝင်ဘာတစ်လလုံး Vegan လှုပ်ရှားမှုတွေ၊ Online challenge တွေပြုလုပ်ကြပါတယ်...
အခုချိန်မှာလဲ စားရေးသောက်ရေးတွေခက်ခဲနေကြတဲ့အချိန်မှာ လွယ်ကူရိုးရှင်း၊ အကုန်အကျသက်သာပြီး အကျိုးရှိစေမဲ့ Vegan Lifestyle ကိုမသိသေးလို့ပဲဖြစ်ဖြစ်၊ သိထားပြီးတော့စမကျင့်သုံးဖြစ်သေးရင်ပဲဖြစ်ဖြစ် ဒီနေ့မှာစတင်လိုက်ဖို့အသင့်တော်ဆုံးပါပဲ။ Vegan ဆိုတာကတော့တိရိစ္ဆာန်ထွက်ပစ္စည်းတွေကို စားသုံးခြင်း၊ သုံးစွဲခြင်းမလုပ်ဘဲ သက်သက်လွတ်စားတဲ့သူတွေကိုရည်ရွယ်တာဖြစ်ပါတယ်။ ကိုယ်တိုင်က Vegan တစ်ယောက်မဖြစ်သေးရင်တောင်မှ၊ Vegan တွေကိုဂုဏ်ပြုတဲ့အနေနဲ့ဒီနေ့မှာပါဝင်လို့ရပါတယ်။
World Vegan Day ကို ၁၉၉၄ ခုနှစ်မှာစတင်သတ်မှတ်ခဲ့တာဖြစ်ပြီးတော့ ၁၉၄၄ မှာဖွဲ့စည်းခဲ့တဲ့ Vegan Society နှစ် (၅၀) ပြည့်အထိမ်းအမှတ်အနေနဲ့ရည်ရွယ်ပြီးတော့သတ်မှတ်ခဲ့တာပါ။ ဒီလို Vegan Society တွေစပြီးပေါ်ပေါက်လာရတဲ့အကြောင်းကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ကအဓိကပေါ့။
ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုရဲ့အကြောင်းအရင်းတွေထဲမှာ တိရိစ္ဆာန်မွေးမြူရေးကလဲတစ်ခုအပါအဝင်ပါပဲ။ တိရိစ္ဆာန်မွေးမြူရေးကမြေဆီဩဇာရဲ့အာဟာရကိုလျော့ကြစေပြီးတော့ တောတောင်ပျက်စီးတဲ့ထိပါဖြစ်နိုင်ပါတယ်။ နောက်ပြီး မီသိန်း နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကလဲဒီမွေးမြူရေးကနေထွက်တာပါ။ ဒါကြောင့် Vegan တစ်ယောက်ဖြစ်ခြင်းက တိရိစ္ဆာန်တွေမျိုးသုဥ်းလာမှုကို ကာကွယ်ပြီးသားဖြစ်သလို၊ သဘာဝပတ်ဝန်းကျင်လဲထိန်းသိမ်းပြီးသားဖြစ်သွားတာပေါ့...
ဒီနေရာမှာမှ Veganism နဲ့ Vegetarianism ဆိုပြီးကွဲပါသေးတယ်။ Veganism ကတော့ တိရိစ္ဆာန်ထွက်ပစ္စည်း(dairy product တွေအပါအဝင်) ဘာကိုမှစားသောက်တာ၊ သုံးစွဲတာမပြုပါဘူး။ Vegetarianism မှာတော့နို့ထွက်ပစ္စည်းတွေ၊ ကြက်ဥ ဘဲဥတွေ၊ စတာတွေကိုတော့ စသုံးကြပါတယ်။ (၁) Lacto Vegetarians (၂) Ovo Vegetarians အစရှိသဖြင့်ထပ်ကွဲပါသေးတယ်။
Veganism ရဲ့အထိရောက်ဆုံးအကျိုးသက်ရောက်မှုတွေကတော့
🐾 တိရိစ္ဆာန်မျိုးသုဥ်းမှုကို လျှော့ချနိုင်သွားပါမယ်
လူဦးရေတိုးပွားလာမှုရဲ့အကျိုးဆက်အရ အစာရေစာအတွက်တိရိစ္ဆာန်မွေးမြူရေးကိုတိုးချဲ့လာတာကြောင့် တချို့တောရိုင်းတိရိစ္ဆာန်လေးတွေကအစမျိုးသုဥ်းစပြုလာပါပြီ။ ရေနေသတ္တဝါတွေလဲအပါအဝင်ပါပဲ။ ဟိုတလောက လင်းပိုင်မျိုးသုဉ်းလာတာအတွက် Campaign လုပ်လိုက်သေးတာမှတ်မိဦးမယ်ထင်ပါတယ်။
💨 လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်မယ်
အစောကပြောခဲ့သလို မွေးမြူရေးကြောင့်ထွက်တဲ့ မီသိန်း နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ပမာဏက ကားတွေ၊ စက်ရုံတွေကထွက်တဲ့ပမာဏထက်ကိုများပါတယ်။ ကားတွေမှာတောင် ဓာတ်ဆီသုံးစွဲမှုလျှော့ချဖို့လျှပ်စစ်ကားတွေကိုအစားထိုးနေပါပြီ။
ဒီလိုဆိုလိုက်တော့ Vegan တစ်ယောက်ရဲ့လုပ်နိုင်စွမ်းကအံ့မခန်းပါပဲ။ Minimalism လိုမျိုး Lifestyle မျိုးနဲ့တောင် သဘာဝပတ်ဝန်းကျင်စတင်ထိန်းသိမ်းလာကြပြီဆိုတော့ သင်လဲတစ်နိုင်တစ်ပိုင် Vegan ဆန်ခြင်းဖြင့်ပါဝင်လို့ရပါတယ်။
ဒီနေရာမှာ Vegan ဖြစ်တာက စားဖို့လျှော့တာပဲလားဆိုရင် မဟုတ်ပါဘူး။ ကျန်းမာရေးကြောင့်စားနေရတဲ့သူတွေဆိုရင်လဲ တိရိစ္ဆာန်ထွက်ပစ္စည်းတွေ (ဥပမာ - Leather, Fur, Cosmetic တွေ) ကိုမသုံးခြင်းဖြင့်ပါဝင်နိုင်ပါတယ်။ ခုနောက်ပိုင်းမှာဆိုရင် Cosmetic တွေမှာ cruelty-free ဆိုပြီးတောင် ထုတ်လာကြပါပြီ။
ကဲ ဒီကနေ့ World Vegan Day ဆိုတာလဲသိပြီ၊ အကျိုးကျေးဇူးတွေကိုလဲသိပြီဆိုတော့ TYTimers တို့ရော ဒီနေ့မှာ ဘယ်လိုပါဝင်သွားမလဲဆိုတာဖြေပေးသွားကြဦးနော်
ကောင်းခြင်းတွေနဲ့စတဲ့လလေးဖြစ်ကြပါစေခင်ဗျ... 🙋‍♂️✨
#Barry
#takeyourtimemyanmar
#WorldVeganDay


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!