Write Your Own Script

Details

✍️TYTimer တို့ရေ။ ကျွန်တော်တို့တွေ Self-Improvement Tip တွေ ဖတ်လာကြတာ အခုဆို (၅)ရက်မြောက်တောင် ရှိနေပြီနော်။ ဒီနေ့အတွက်တော့ Self-Improvement Tip အနေနဲ့ “Write Your Own Script” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပြောပြပေးပါမယ်ခင်ဗျာ။

✍️ကျွန်တော်တို့တွေ တစ်ခါတလေမှာ အလုပ်တွေ ကြိုးစား၊ စာတွေကြိုးစားကြပြီးရင် ဒါတွေလုပ်နေတာ ဘာအတွက်လဲဆိုပြီး ကိုယ့်ကိုကိုယ် ပြန်မေးမိတတ်ကြပါတယ်။ တစ်ခါတလေမှာ အလုပ်တွေသာ ကြိုးစားနေရတာ အဓိပ္ပာယ်မရှိဘူးလို့ ခံစားနေရတာလဲ ခဏခဏပါပဲ။ အဲ့တာကြောင့် ကျွန်တော်တို့ မဖြစ်မနေတွေးထားသင့်တာက ကိုယ်ဘယ်လိုလူမျိုးဖြစ်ချင်တာလဲ၊ လူ့အသိုင်းအဝိုင်းအတွက် ဘာတွေ လုပ်ပေးထားခဲ့မလဲ ဆိုတာပါ။ ကျွန်တော်တို့ အလုပ်တွေကြိုးစားတာကို အဆောက်အအုံတစ်ခုပေါ် လှေကားထောင်ပြီးတက်ပါတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ အချိန်တွေ အကုန်ခံပြီး လှေကားပေါ် တက်လိုက်တာ အဆောက်အအုံပေါ်လည်းရောက်ရော ကိုယ်တက်ချင်တဲ့ အဆောက်အအုံ မဟုတ်ဘဲနေပါလေရော။ အဲ့တာကြောင့်မလို့ ကိုယ်တက်ချင်တဲ့ အဆောက်အဆုံပေါ် လှေကားထောင်ဖို့ လိုပါတယ်။ ကိုယ်ဘယ်လိုလူဖြစ်ချင်တာလဲဆိုတာကို သိပြီးမှ၊ ကိုယ်ဘယ်ပန်းတို်င်ကို ရောက်ချင်လဲဆိုတာကို သိထားမှ ကျွန်တော်တို့ လှေကားတွေကလည်း အဆောက်အအုံမှန်ပေါ်ကို ရောက်မှာပါ။

✍️ဒါဆိုရင် ကိုယ်ဘာဖြစ်ချင်တာလဲ သေချာမသိထားရင် ဘယ်လို ဖြစ်လာနိုင်မလဲ။ ကိုယ့်ဘဝဇာတ်လမ်းကို ကိုယ်တိုင်မရေးဘဲ အခြားသူတွေ ဝင်ရေးသွားတာ ခံရမှာပါ။ ကိုယ့်ပန်းတိုင်ကို သိထားတဲ့သူက လုပ်သမျှ အရာတိုင်း၊ ကြိုးစားသမျှ အရာတိုင်းက အဲ့ပန်းတိုင်ကို ဦးတည်နေမှာပါ။ ပန်းတိုင်ကို မသိထားရင်တော့ ပတ်ဝန်းကျင်က ပြောတိုင်း ဟိုယောင်ယောင်၊ ဒီယောင်ယောာင် ဖြစ်တတ်ပြီး ကိုယ့်ဇာတ်လမ်းကို သူများဝင်ရေးသွားပါလိမ့်မယ်။

✍️အဲ့တာကြောင့် ဒီနေ့ပြောချင်တဲ့ အဓိကအချက်လေးကတော့ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတဲ့ Self-Awareness လေးရဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ မနက်ဖြန်မှာ ပြန်တွေ့ကြပါမယ်နော်။🙆🏻‍♂️

Reference: The 7 Habits of Highly Effective People – Stephen R. Covey

#harry
#takeyourtime
#selfimprovementtips
#writeyourownscript


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!