ယဉ်ကျေးမှုနှင့်အနုပညာကို ချစ်မြတ်နိုးသူတွေအတွက် အွန်လိုင်းပြတိုက်

Details

မင်္ဂလာ နံနက်ခင်းလေးပါ ခင်ဗျာ 🙆☀️🌿

အားလုံးပဲ Stay Home နေ‌နေရတာရယ် ရောဂါတွေကြောင့်ရယ် စိတ်တွေမွန်းကြပ်နေကြမှာပါ 😫
ဒါ့ကြောင့် Stay home နေရင်း Online ကနေ စိတ်ပြေလက်ပျောက် အလည်အပတ်သွားနိုင်မယ့် App လေးတစ်ခုနဲ့မိတ်ဆက်ပေးပါ့မယ်ခင်ဗျာ 🥳

App နာမည်လေးက “Google Arts and Culture” ဖြစ်ပါတယ် ... 🏛️

ဒီ App လေးမှာ 💁

🗻 World Attractions နေရာတွေဖြစ်တဲ့ Grand Canyon National Park ၊ Ancient Egyptian Pyramids, Mount Fuji, Mount Everest, Victoria Fall စတဲ့အထင်ကရနေရာတွေနဲ့ နောက်ထပ် Attraction ရှိတဲ့နေရာပေါင်း 10000 ကျော် ... 😳

⛩️ ယဉ်ကျေးမှုသမိုင်း၊ အနုပညာ၊ ဗိသုကာလက်ရာတွေပြသထားတဲ့ Arts & Historical Museums တွေနဲ့ သိပ္ပံနည်းပညာရပ်ဆိုင်ရာ‌တွေပြသထားတဲ့ Science Museums, Modern Arts Museum စတဲ့ Museums ပေါင်း 2000ကျော် .. 😲

🎨 Artists တွေရဲ့ ထင်ရှားကျော်ကြားတဲ့ ပန်းချီ၊ပန်းပုလက်ရာပေါင်း 100000 ကျော် ... 😱

🪅 Arts & Culture နဲ့ပက်သက်တဲ့ Games တွေ ပါ၀င်ပါတယ် ...

နောက်ပြီး -
🔮 Science & Technology ( The who, what, and how of invention and discovery.)

🎶 Arts ( From masterpieces and music to building and books.)

🗺️ Geography (Places and people around the planet.)

🐨 Natural History (Follow the call of the wild.)

🌍 History (Events that changed the world)
စတဲ့ မတူညီတဲ့ဘာသာရပ်တွေကို Expedition လှည့်ပြီးသွားရောက်လေ့လာနိုင်ပါတယ်၊ ကိုယ်စိတ်၀င်စားတဲ့ field ကို ရွေးချယ်လိုက်တာနဲ့ အထဲမှာ series လိုက်ကို တ၀ကြီး လည်ပတ်လေ့လာ သိရှိခွင့် ရမှာပါခင်ဗျာ ... 🤩

ယဉ်ကျေးမှုအနုပညာ စိတ်၀င်စားတဲ့သူတွေ၊ လေ့လာလိုက်စားတဲ့သူတွေအပြင် သိပ္ပံပညာ စိတ်၀င်စားတဲ့သူတွေအတွက် Albert Einstein လိုပညာရှင်တွေ၊ NASA ရဲ့ ဓာတ်ပုံတွေပါ ထည့်သွင်းဖော်ပြထားပါတယ်၊ ပြီးတော့ တောရိုင်းတိရစ္ဆာန်လေးတွေရဲ့သဘာ၀၊ Dinosaur အကြောင်း၊ Elephant အကြောင်း စသဖြင့် လွယ်ကူရိုးရှင်းတဲ့ English စာနဲ့ ဖော်ပြထားတဲ့အတွက် ကလေးလေးတွေကိုပါ virtually အလည်အပတ် ခေါ်သွားသင့်ပါတယ် ...🤗

ဒီ App လေးကို Android မှာဆိုရင် Play store ကနေ Google Arts & Culture လို့ရိုက်ရှာ၊ download လုပ်ပြီး Google acc နဲ့ဝင်လိုက်ရင် ရပါပြီ ..
iOS အတွက်ဆိုရင် Apple Store မှာ Download
ရယူနိုင်ပါတယ်ခင်ဗျာ ..

ဒီ App လေးကို ကျွန်တော်ကြိုက်တဲ့အချက်တွေကတော့ ...
✌️ကိုယ်ရောက်နေတဲ့ပတ်ဝန်းကျင်မှာ Exhibition, Gallery, Museums တွေရှိနေရင် Google Map ကနေတဆင့် ဖော်ပြပေးပါတယ် ...
✌️ကိုယ်နှစ်သက်တဲ့အရာတွေကိုလည်း အသဲပုံလေးနှိပ်ထားခြင်းအားဖြင့် Favourite collection လုပ်ထားနိုင်ပါတယ် ...
✌️ပြီးတော့ ကိုယ့်ရဲ့ဓာတ်‌ပုံတွေကိုလည်း Iconic Artwork‌ တွေသုံးပြီးတော့ Contemporary Art to Classic Portraits ကိုပြောင်းလဲနိုင်ပါတယ် ...
✌️ဓာတ်ပုံတွေပဲမဟုတ်ဘဲ 360° videos, Street view ပါ ကြည့်နိုင်တဲ့အတွက် တကယ်လက်တွေ့ရောက်နေသလိုပါပဲခင်ဗျာ ...

🌸 ကျွန်တော် ဂျပန်ရောက်ခဲ့တုန်းက Tokyo National Museum ရှေ့က နေ့စဉ်ဖြတ်သွားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သွားရောက်ဖို့
အခွင့်မသာခဲ့ပါဘူး 😐
မသွားခဲ့ရလို့ နောင်တရနေတဲ့အချိန်မှာ ဒီ App လေးကိုတွေ့ပြီး လေ့လာခွင့်ရတော့ အင်မတန်ပျော်ခဲ့ရပါတယ် ... 😅

ဒါကြောင့် ဒီ App လေးကနေ ယဉ်ကျေးမှုသမိုင်း၊ အနုပညာ၊ သိပ္ပံပညာ၊ လူသားတွေအကြောင်းနဲ့
ကမ္ဘာ့အံ့ဖွယ်ရာတွေကို Stay home နေရင်း စိတ်ပြေလက်ပျောက် လေ့လာလည်ပတ်နိုင်ဖို့အတွက် တင်ပြပေးလိုက်ပါတယ်ခင်ဗျာ ...

ဒီ App လေးကို အခုပဲ Download လုပ်ပြီး လည်ပတ်လိုက်ပါ ...
ကိုယ့်အတွက်အကျိုးရှိတယ်၊စိတ်၀င်စားစရာကောင်းတယ်၊ စိတ်ပျော်ရွှင်ရတယ်ဆိုရင် ဒီ App လေးထဲက ကိုယ်စိတ်၀င်စားတဲ့အရာလေးတွေကို comment မှာ လာမန့်ပေးပါခင်ဗျာ 🙆
ကောင်းသောနေ့လေး ဖြစ်ပါစေ ..☀️🌿

#htike
#takeyourtime
#googleartsandculture


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!