YouTube ကနေ စာလေ့လာကြမယ်။

Details

TYTimer တို့ရေ။ အခု တော်တော်များများ ဖြစ်နေတဲ့ ပြသနာက စာလေ့လာချင်တယ်၊ ဒါပေမယ့် သင်တန်း မရှိရင် မလေ့လာတတ်ဘူး ဖြစ်နေတဲ့ ပြသနာ ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့တွေ Technology ခေတ်ကို ရောက်လာတာနဲ့အမျှ Self Learning က မဖြစ်မနေ တတ်ရမယ့် Skill တစ်ခု ဖြစ်လာပါတယ်။ အဲ့တာကြောင့် ဒီနေ့မှာတော့ TYTimer တွေ Self Learning ကို အစပြုနိုင်ဖို့ လူအများစုအတွက် Common ဖြစ်မယ့် YouTube Channel လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။🙆🏻‍♂️

1. Don’t Memorise - https://www.youtube.com/c/DontMemorise
Don’t Memorise YouTube Channel ကတော့ Physics, Chemistry, Bio, Maths တို့ကို သင်ကြားပေးတဲ့ Channel ပဲ ဖြစ်ပါတယ်။ Subscriber ကလည်း တစ်သန်းခွဲကျော် ရှိပါတယ်။ ဒီ channel ရဲ့ ထူးခြားတဲ့ အချက်ကတော့ ခေါင်းစဉ်တစ်ခုနဲ့ ပတ်သတ်ရင် အခြေခံ concept သေးသေးလေးတွေကစပြီး အပြင်မှာ ဘယ်လို အသုံးပြုနေလဲဆိုတာတွေကိုပါ ခရေစေ့ တွင်းကျ သင်ကြားပေးပါတယ်။ သူကတော့ ဘာသာရပ်လေးခုလုံးရဲ့ အခြေခံတွေကိုပဲ သင်ကြားပေးတာပါ။

2. Khan Academy - https://www.youtube.com/c/khanacademy
Khan academy ဟာ American educator တစ်ဦးဖြစ်တဲ့ Salman Khan ဦးဆောင်တဲ့ အဖွဲ့အစည်းတစ်ခုပါ။ Khan Academy website လည်း ရှိပါတယ်။ Channel လည်း ရှိပါတယ်။ Khan Academy ရဲ့ ရည်ရွယ်ချက်က high-level education ကို လူတိုင်း နေရာတိုင်းက ရစေနိုင်ဖို့ပါ။ ဒီ channel မှာဆိုရင် Grade 1, Grade 2 တွေကစပြီး Basic medical science တွေ၊ Basic economics ၊ Biology၊ Chemistry၊ Physics တွေစတဲ့ ဗီဒီယို သင်ခန်းစာပေါင်း၆၅၀၀ ကျော် ရှိတဲ့ Channel အကြီးကြီး ဖြစ်ပါတယ်။ သူငယ်တန်း အဆင့် သင်္ချာလောက်ကစပြီး Trigonometry, Calculus ထိ လေ့လာလို့ ရနိုင်တဲ့ Channel တစ်ခု ဖြစ်ပါတယ်။

3. TED, TEDx, - https://www.youtube.com/c/TED
TED Talk ကတော့ လူတိုင်းသိပြီးသား ဖြစ်လောက်ပါတယ်။ ကဏ္ဍမျိုးစုံနဲ့ဆိုင်တဲ့ Knowledge တွေ ဝေမျှတဲ့ Channel ဖြစ်တာကြောင့် General Knowledge အတွက်ဖြစ်စေ၊ English Listening အတွက် ဖြစ်စေ မဖြစ်မနေ ဝင်ရောက် ကြည့်ရှုသင့်တဲ့ Channel တစ်ခု ဖြစ်ပါတယ်။

4. Learn English with TV Series - https://www.youtube.com/c/LearnEnglishWithTVSeries
ဒီလို channel မျိုးကတော့ ထွေထွေထူးထူးပြောစရာမလိုပါဘူး။ TV series တွေနဲ့ Englis စာလေ့လာနိုင်မယ့် channel မျိုးပါ။ ထူးခြားတာကတော့ ဒီ channel က တခြား channel တွေထက်လည်း lessons ပိုများတယ်။ Native Speaker တွေ ဘယ်လို ပြောလဲ၊ ဘယ်လို သုံးနှုံးကြလဲ စတာတွေကို စနစ်တကျ ရှင်းပြပေးထားလို့ English လေ့လာနေသူတွေအတွက်တော့ အလွန် အသုံးဝင်တဲ့ Channel တစ်ခု ဖြစ်ပါတယ်ခင်ဗျာ။

5. Ali Abdaal - https://www.youtube.com/c/aliabdaal
Ali Abdaal ကတော့ YouTube မှာ Productivity Guru လို့ မကြာခဏတင်စားခံရတဲ့ YouTuber တစ်ယောက်ပါ။ Cambridge University မှာ တက်ခဲ့တဲ့ Medical Student ဟောင်း တစ်ယောက် ဖြစ်ပါတယ်။ အခုတော့ ဆရာဝန်ဆက်မလုပ်ပေမယ့် သူကျောင်းသားဘဝတုန်းက လုပ်ခဲ့တဲ့ Vlog တွေမှာ လေ့လာစရာတွေ အများကြီး ရှိပါတယ်။ ဒီ Channel ရဲ့ ထူးခြားချက်ကတော့ ကျွန်တော်တို့ ကြည့်နေကျ Study Vlog တွေမှာ ထပ်ခါထပ်ခါ ကြားနေရတာတွေ တစ်ခုမှ မပြောဘဲ တကယ် အသုံးဝင်တဲ့ Study Technique တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

6. Nas Daily – https://www.youtube.com/c/NasDaily
Nas Daily ကတော့ လူတိုင်းသိပြီးသား ဖြစ်လောက်ပါပြီ။ 1 Minute Video တွေ ရက် ၁၀၀၀ တိတိ တင်ခဲ့ပြီးနောက်ပိုင်း အခုလည်း Vlog တွေ ဆက်ပြီး ရိုက်နေဆဲပါ။ ကမ္ဘာပတ်ချင်နေတော့ TYTimer တွေကတော့ အခုလောလောဆယ် Nas Daily ပဲ ကြည့်ပြီး ပတ်လိုက်ကြပါဦးနော်။

ဒီ Channel တွေကတော့ လူအများနဲ့ Common ဖြစ်မယ် ထင်တာတွေကို ရွေးထုတ်ပြီး ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ TYTimer တွေအနေနဲ့ ကိုယ့်နယ်ပယ်နဲ့ ဆိုင်တဲ့ ဗဟုသုတတွေ ဘယ်က လေ့လာရမှန်းမသိ ဖြစ်နေရင်လည်း Comment မှာ မေးသွားဖို့ တိုက်တွန်းလိုက်ပါတယ်နော်။🙆🏻‍♂️


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!