Course Start Date : February 2, 2022
Price : 40000 Kyats
Place : On Zoom
Duration : 3 Months
Taught by :
Tr.Khin Saung Hnin
我喜欢你 (wǒ xǐ huān nǐ)
我想跟你在一起 (wǒ xiǎng gēn nǐ zài yī qǐ)
TYTimer တွေအနေနဲ့ ဒီစာကြောင်းနှစ်ကြောင်းကိုဖတ်ပြီးဘာ ဘာသာစကားလဲဆိုတာ သိပေမယ့် အဓိပ္ပာယ်ကိုမသိဘူးဖြစ်နေတယ်ဟုတ်..🤔
ပထမဆုံး တရုတ်ဘာသာစကားအကြောင်း နည်းနည်းလောက် အာလူးဖုတ်ချင်ပါတယ်...😊
တရုတ်ဘာသာစကားဟာ ပေါ်ပေါက်လာခဲ့တာ နှစ်ပေါင်း ၃၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ် မှတ်တမ်းများအရကတော့ တရုတ်အက္ခရာတွေကို ရှန်မင်းဆက်(၁၇၆၆-၁၁၂၃ဘီစီ)က လိပ်ခွံတွေမှာတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ 😯
တရုတ်အက္ခရာတခု သင်္ကေတ တခုဟာတရုတ်ဘာသာစကားမှာတော့ ဝေါဟာရ တခုကို ကိုယ်စားပြုပါတယ်။ ရှေးခေတ်ကနေဆင်းသက်လာတဲ့ တရုတ်အက္ခရာပေါင်း ၈၀,၀၀၀ ကျော်ရှ်ိပါတယ်။ အဲ့ထဲကမှာ ၃၀၀၀ ကိုပဲ နေစဉ်သုံးအနေနဲ့ပဲသုံးစွဲတာဖြစ်ပြီး တရုတ်စကားလုံးဝေါဟာရ တခုဟာ သုံးနှုန်းမှုကိုလိုက်ပြီး ဆိုလိုရင်းပေါင်းများစွာရှိလို့ပဲဖြစ်ပါတယ်။ 💭
တရုတ်စကားမှာ Simplified နဲ့ Traditionalဆိုပြီးရှိတာဖြစ်ပြီး Simplifiedကိုတော့ တရုတ်၊ စင်္ကာပူနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအတွင်းမှာရှိတဲ့ တရုတ်လူမျိုးတွေ အချင်းချင်းဆက်သွယ်ရာမှာသုံးလေ့ရှိကြပြီး Traditionalကိုတော့ တိုင်ဝမ်၊ဟောင်ကောင်၊မကာအို တို့မှာ အသုံးများတာပဲဖြစ်ပါတယ်။✨
ကဲအဲ့တော့ တရုတ်စကားသင်ထားတာဘာအတွက်ကောင်းမလဲ။👀
လက်ရှိ ကမ္ဘာတဝှမ်းမှာ တရုတ်စကား ကို မိခင်ဘာသာစကားအနေနဲ့ပြောသူပေါင်း ၁.၃ ဘီလီလျံ ရှိတယ်လို့ဆိုပါတယ် ဒါဟာ ကမ္ဘာ့လူဦးရေရဲ့ ၁၆ ရာခိုင်နှုန်း ရှိတာပဲ ဖြစ်ပါတယ် ဒါ့ကြောင့် TYTerတို့အနေနဲ့ အလုပ်ခွင်မှာဖြစ်ဖြစ် ပညာသင်ယူရင်းနဲ့ဖြစ်ဖြစ် တရုတ်စကားပြောဆိုသူတွေနဲ့ မတွေ့နိုင်ဘူးလို့ မပြောနိုင်ဘူးလေနော့်။ အဲ့အခါကျ တရုတ်စကားတတ်မြောက်ထားမယ်ဆို ပြောဆိုဆက်ဆံရ ပိုလွယ်ကူမှာပေါ့။ 👌
ပြီးတော့ တရုတ်ရဲ့ စီးပွားရေးအင်အားဟာ တစတစကြီးမားလာတာကြောင့် Englishလို တတ်မြောက်ထားပြီးရင် တရုတ်ဘာသာစကားကိုဆက်လက်လေ့လာသင်ယူဖို့ အားပေးချင်ပါတယ်။ တရုတ်နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများစွာကို ကြိုဆိုလျက်ရှိပြီး တရုတ်နိုင်ငံနဲ့ ကမ္ဘာတဝှမ်းကို ဆက်သွယ်ပေးနိုင်မယ့်သူတွေကို အလိုရှိလျက်ရှိကြပါတယ်။
ဒ့ါအပြင် ဘာသာစကားအသစ်နဲ့ပတ်သတ်ပြီး စိန်ခေါ်မှုအသစ် လုပ်ချင်ကြတဲ့သူတွေရှိရင်လဲ တရုတ်စကားဟာ ရွေးချယ်စရာတခုပဲဖြစ်ပါတယ်။ ဒါ့အပြင် ရှေးဟောင်းယဉ်ကျေးမှုတွေကိုလေ့လာနေတဲ့သူဆိုရင်လဲ တရုတ်ဘာသာစကားဟာ ရွေးချယ်လို့ကောင်းမယ့် ဘာသာစကားတခုပဲ ဖြစ်ပါတယ် ဘာလို့လဲရှေးကျတဲ့ဘာသာစကားတခုဖြစ်တယ် ပြီးတော့တရုတ်ဘာသာစကားလေ့လာရင်းနဲ့ပဲ တရုတ်ရိုးရာရဲ့ ယဉ်ကျေးမှုဆိုင်ရာ အမှတ်သညာ ဓလေ့ထုံးတမ်းအစဉ်အလာတွေပါတခါတည်းလေ့လာသိရှိနိုင်ပါတယ်...✍️
ကဲစာဖတ်လာရင်းနဲ့ အပေါ်က စာကြောင်းနှစ်ကြောင်းကိုရော မှတ်မိရဲ့လားဗျ။ဖတ်ပြီးတော့ အဓိပ္ပာယ်ပေါက်လားဗျ မပေါက်ဖူးဆိုတဲ့သူတွေအတွက်ပြောပေးပါတော့မယ်...☺️
အခု TYTကနေ ဖွင့်လှစ်ပေးမယ့်အတန်းကတော့ တရုတ်စာကို ခုမှ နဖူးတွေဒူးတွေ့ ထိတွေ့မယ့်သူတွေအတွက်ရော တရုတ်စာ အခြေခံကို ကြေညက်အောင် တက်ရောက်လိုတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်မယ့် Han Yu 1,2,3အတန်းလေးပဲဖြစ်ပါတယ်...😍
ဒီအတန်းလေးမှာတော့ Beijing Chineseကထုတ်တဲ့ စာအုပ်နဲ့သင်ပေးမှာမို့ HSK တရုတ်အရည်အချင်းစစ်စာမေးပွဲ ကို ၀င်ဖြေလို့ရပါတယ်ဗျာ 😱
Course Details,
📌 Course Name : Chinese Basic Class Batch 3
(Han Yu 1/ 2/ 3)
⏳ Duration : 3Months
🕧Date & Time : Wed, Thu, Fri (1:00-02:30pm)
💰Course Fee : 40000ks
🗓Starting date : 2 February
👩🏻🎓Tr. : Khin Saung Hnin
Enrollment form : https://forms.gle/vGUQ2ggi9FdgC8Ej9
shorturl.at/csLO0
👩🏼🏫BA History နဲ့ MESI မှာ Marketing Diplomaရထားပီးတော့ တရုတ်ဘာသာစကားကိုသင်ကြားတဲ့အတွေ့အကြုံ ၃နှစ်အပါအ၀င် စကားပြန် experienceလဲကရှိတဲ့ Tr.Khin Saung Hninနဲ့ အတူ Zoom meetingကနေ face to face သင်ကြားပေးမှာဖြစ်ပါတယ်ဗျ...💮
Tr ရဲ့ဖခင်က Chinese native တစ်ဦးဖြစ်တာကြောင့်အသံထွက်မှားမှာပူစရာမလိုပါဘူး၊ ပြီးတော့တီချယ်ဆီကနေ Chinese cultureတွေကိုပါမေးလို့ရတယ်နော် ...😲
ဘာကြောင့်တရုတ်စာလေ့လာသင့်လဲ
ဆက်ပြီးဖတ်နေတုန်းလား 🤨🤨အတန်းက လူပြည့်တာမြန်တာမို့ ခုပဲ ဖောင်ဖြည့်ပြီး ဘာကြောင့်တရုတ်စာလေ့လာသင့်လဲဆိုတာ Trကိုပဲမေးလိုက်တော့နော်🤪🤪
✨အားလုံးဘေးအန္တရာယ်ကင်းပြီး လုံခြုံနိုင်ကြပါစေ✨
#chineselanguage
#hanyu
#takeyourtimemyanmar
Course Name | Chinese Han Yu 1/2/3(Batch-3) |
---|---|
Course Timetable | Wed, Thurs, Fri (1:00-02:30 PM) |
Type of Course | paid_course |
Course Duration | 3 Months |
Course Application Deadline | February 1, 2022 |
Course Start Date | February 2, 2022 |
Place | On Zoom |
Price | 40000 Kyats |
Copyright © 2021 Take Your Time - All rights reserved.