Chinese Han Yu 4/5/6

Course Start Date : December 8, 2021

Price : 30000 Kyats

Place : On Zoom

Duration : 3 Months

Taught by : Tr.Khin Saung Hnin

Updated on December 2, 2021

Details

🛑 တရုတ်ဘာသာစကား သင်ယူသင့်တဲ့ အချက်(၅)ချက် ❤️
မင်္ဂလာပါ TYTimers တို့ရေ ...
ကမ္ဘာ့‌ရှေးဟောင်းဘာသာစကားတွေထဲက တစ်ခုဖြစ်တဲ့ တရုတ်ဘာသာစကားကိုတော့ ယနေ့ကမ္ဘာမှာ လူပေါင်း ၁.၁၂ ဘီလီယန်လောက်က ပြောဆိုနေကြပါတယ်။ အင်္ဂလိပ်စာပြီးရင် ဒုတိယအပြောအများဆုံးဘာသာစကားဖြစ်ပါတယ်။ ✌️
တရုတ်ဘာသာစကားကို ဘာကြောင့်လေ့လာသင့်သလဲဆိုတဲ့အချက် (၅) ချက်ကိုပြောပြပါမယ်။🌿
၁။ တရုတ်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ရုံမက သူတို့ရဲ့ ယဉ်ကျေးမှုတွေကိုလည်း ကမ္ဘာတလွှားကို ဖြန့်ကျက်ထားတဲ့သူတွေ ဖြစ်ပါတယ်။ မာလာရှမ်းကော၊ ဟော့ပေါ့ဆိုရင် မြန်မာနိုင်ငံသားတွေ အတော်စားသုံးကြတဲ့ဟင်းလျာတွေဖြစ်ပါတယ်။ တရုတ်ယဉ်ကျေးမှုတွေကို ပိုပြီးနက်နက်နဲနဲ သိရှိပြီး သူတို့တွေရဲ့ တီထွင်ဖန်တီးမှုတွေ၊ စီးပွားရေးအသိအမြင်တွေကို တရုတ်ဘာသာစကားကနေတဆင့်လည်း သိရှိနိုင်ပါတယ်။😯
၂။ အင်္ဂလိပ်စကားကို အသင့်အတင့်တတ်မြောက်ထားရင် တရုတ်ဘာသာစကားကိုလည်း ဆက်လက်လေ့လာနိုင်တာ ကောင်းပါတယ်။ တရုတ်နိုင်ငံမှာက နိုင်ငံခြားစီးပွားရင်းနှီးမြှုပ်နှံမှုတွေ အလွန်များတာကြောင့် တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးကို ဆက်သွယ်ပေးနိုင်တဲ့ ပေါင်းကူးတံတားတွေကို အလိုရှိကြပါတယ်။ နောက်ဆုံးမြန်မာမှာလည်း မြန်မာ-တရုတ် နိုင်ငံရေး၊ သံတမန်ရေးတွေအဆင်ပြေခဲ့ရင် တရုတ်ဘာသာစကားတတ်မြောက်ထားတဲ့သူအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေပိုကျယ်ပြန့်လာနိုင်မှာ ဖြစ်ပါတယ်။ ☘️
၃။ တရုတ်ဘာသာစကားဟာ ရွေးချယ်သင်ယူတဲ့နေရာမှာ ခက်ခဲလို့ လက်ရှောင်ကြတဲ့ထဲ အခုစာဖတ်နေတဲ့သူကော ပါနေကြလား? တကယ်တော့ တရုတ်ဘာသာစကားဟာ စတင်သင်ယူဖို့ ထင်သလောက် မခက်ခဲပါဘူးတဲ့၊ ကျောင်းသားတွေဟာ စတင်သင်ယူတဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ အခြေခံကို စတင်ပြောနိုင်ကြပါတယ်တဲ့။ ဒီအချက်ကတော့ ဆောင်းပါးတစ်ခုကနေ ယူရေးထားတာဖြစ်လို့ မှန်မမှန်ဆိုတာကို TYT Chinese Class Alumni တွေက confirm လုပ်ပေးဖို့ လိုပါမယ်။ ကူညီပါနော် 😁 ဘာလို့ဆို အခုစာရေးနေတဲ့သူကိုယ်တိုင်က တရုတ်စာကို ခက်တယ်ဆိုလို့ သင်ရမှာကြောက်နေသူပါ။ 😂
၄။ တရုတ်ဘာသာစကားကို တတ်မြောက်ထားရင် social media သုံးနေရင်း သူငယ်ချင်းတွေရရှိနိုင်ပါဦးမယ်။ ဘာလို့ဆို အာရှတလွှားနဲ့ ကမ္ဘာအနှံ့အပြားမှာ တရုတ်ဘာသာစကားပြောဆိုသူတွေ ရှိနေကြလို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ Omegle, OmeTV လို platform တွေမှာ Country ကို China, Singapore, Vietnam လိုနိုင်ငံတွေများများထားပြီး Foreign Friends တွေ ရှာကြည့်ပါ။ တစ်ခုသတိထားသင့်တာက ရည်ရွယ်ချက်ကောင်းရင် ပိုပြီးအဆင်ပြေနိုင်မယ်ထင်ပါတယ်။ 🙇🏻‍♂️ Skip သွားရင်လည်း မသိပါဘူး ... 😂
၅။ လေ့လာတွေ့ရှိချက်တွေပြောတာက တရုတ်ဘာသာစကားဟာ အခြားသော ဘာသာစကားတွေ သင်ယူတဲ့အခါ ကိုယ်တွေရဲ့ဦးနှောက်အလုပ်လုပ်ရတာထက် ပိုပြီး အစိတ်အပိုင်းများများကို အသုံးပြုရပါတယ်တဲ့။ ဒါကြောင့် ဦးနှောက်တွေပိုကောင်းစေပါတယ်။ ပြန်စဉ်းစားကြည့်တဲ့အခါ တရုတ်လူမျိုးတွေက တီထွင်ဖန်တီးမှုလည်း အားကောင်းကြသလို လိုက်ပြီးတုပပြုလုပ်တဲ့နေရာလည်း ထင်ရှားကြတာကို တွေးမိပါတယ်။ 😲
ဒီအချက်တွေကို အကုန်မှန်ပါတယ်လို့ ပစ်ရုံလို့မရပါဘူး။ ဗုဒ္ဓဘုရားဟောတော်မူတာက ကိုယ်တိုင်လေ့လာသင်ယူရာ၏။ ဆိုတော့ ဒီအချက်တွေက ဘယ်နှရာခိုင်နှုန်းလောက်မှန်နေသလဲဆိုတာကို သိဖို့ တရုတ်ဘာသာစကားကို လေ့လာပြီး Challenge လုပ်ကြည့်ဖို့ အကြံပြုပါတယ်...💪🏻
သို့ပေမဲ့ ဒီတစ်ခေါက် TYT က ဖွင့်လှစ်ပေးမဲ့ Chinese Class လေးကတော့ Han Yu 4,5,6 ကိုသင်ကြားမဲ့ အတန်းလေးဖြစ်တာကြောင့် အခြေခံစတင်တက်ရောက်မဲ့သူတွေအတွက်တော့ မဟုတ်ပါဘူး၊ 🙅 နောက်ထပ် Chinese Basic Class လေး ဖွင့်ရင်တော့ ထပ်မံအသိပေးပါ့မယ်ခင်ဗျာ...☺️
ဒီအတန်းလေးကိုတော့ Han Yu 1,2,3 ပြီးမြောက်ထားတဲ့သူတွေ ဆက်လက်တက်ရောက်နိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ပါတယ်။ Beijing Chineseကထုတ်တဲ့ စာအုပ်နဲ့သင်ပေးမှာမို့ HSK‌ တရုတ်အရည်အချင်းစစ်စာမေးပွဲကို ၀င်‌ဖြေလို့ရပါတယ်‌ဗျာ 😱
နေရိပ်လာ နေပူကစောင့်ကြဖို့အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အောက်ပါ Course Detail ကို ကြည့်ပြီး တက်ရောက်ဖို့ စာရင်းပေးလိုက်ပါတော့ခင်ဗျာ ...🤩
Course Name : Chinese Han Yu 4, 5, 6 Course
⏳Duration : 3 Months
⏰ Date & Time : Wed, Thurs, Fri
(12:00-01:30 PM)
💲Course Fees : 30,000 Kyats Only
🗓️Starting Date : 8 Dec
Enrollment form ~ shorturl.at/egkuB
👩🏼‍🏫BA History နဲ့ MESI မှာ Marketing Diplomaရထားပီးတော့ တရုတ်ဘာသာစကားကိုသင်ကြားတဲ့အတွေ့အကြုံ ၃နှစ်အပါအ၀င် စကားပြန် experienceလဲကရှိတဲ့ Tr.Khin Saung Hninနဲ့ အတူ Zoom meetingကနေ face to face သင်ကြားပေးမှာဖြစ်ပါတယ်ဗျ
special giftအနေနဲ့ TYTimersတို့ကို secret လေးတစ်ခုပြောပြမယ်နော် ...🤫 Tr ရဲ့ဖခင်က Chinese native တ‌စ်ဦးပါ‌ဗျ၊ အဲ့ဒါကြောင့်အသံထွက်မှားမှာ
ပူစရာမလိုပါဘူး‌၊ ပြီးတော့တီချယ်ဆီကနေ Chinese cultureတွေကိုပါမေးလို့ရတယ်နော် ...😲
‼️ Frist come, first serve စနစ်နဲ့သွားမှာ ဖြစ်ပါတယ်ခင်ဗျား ... ‼️
🏃🏻‍♂️လူပြည့်တာနဲ့ Form ပိတ်မှာမို့ ယခုဘဲ Enrollment ကို မြန်မြန်လေးစာရင်းသွင်းပေးဖို့ အကြံပြုလိုပါတယ် ... 🏃🏻‍♂️
✨အားလုံးဘေးအန္တရာယ်ကင်းပြီး လုံခြုံနိုင်ကြပါစေ✨
#chineselanguage
#hanyu
#takeyourtimemyanmar


Specification

Course Name Chinese Han Yu 4/5/6
Course Timetable Wed, Thurs, Fri (12:00-01:30 PM)
Type of Course paid_course
Course Duration 3 Months
Course Application Deadline December 5, 2021
Course Start Date December 8, 2021
Place On Zoom
Price 30000 Kyats