Course Start Date : October 9, 2021
Price : 10000 Kyats
Place : _
Duration : 2 months
Taught by :
Teacher Gen
Bonjour TYTimers! 🇫🇷
That you don't speak French. It's a problem.
ဒီစကားလေးကို ဘယ်မှာကြားဖူးတာပါလိမ့် 🤨
ပြန်စဉ်းစားနေကြပြီမလား? အချစ်ဟာသဇာတ်မြူးလေး Emily in Paris ရုပ်ရှင်ထဲက American သူလေး Emily Cooper တစ်ယောက် Paris က သူအလုပ်လုပ်ရမယ့် ရုံးကိုရောက်တဲ့ ဇာတ်၀င်ခန်းမှာ ကြားလိုက်ရတဲ့ စကားလေးပါ ... 😍
ဒီအကြောင်းကို ဘာလို့ပြောလဲဆိုတော့ ကမ္ဘာပေါ်မှာ နိုင်ငံတော်တော်များများ သုံးနေကြတဲ့
ပြင်သစ်ဘာသာစကားအကြောင်းကို ပြောပြချင်လို့ပါ၊ France အပြင် Belgium, Canada, Switzerland, North Africa, West Africa စတဲ့ နိုင်ငံပေါင်း ၂၉ နိုင်ငံရဲ့ official language ဖြစ်ပါတယ်၊ (Official Language ဆိုတာကတော့ နိုင်ငံအသီးသီးရဲ့ သက်ဆိုင်ရာအစိုးရကသတ်မှတ်ပေးထားတဲ့ ဘာသာစကားပါ) ...
ပြင်သစ်ဘာသာစကားဟာဆိုရင် ကမ္ဘာ့လူဦးရေရဲ့ 1st Language or 2nd Language အနေနဲ့ ပြောဆိုသူ အရေအတွက်စံချိန်အရဆိုရင် နံပါတ် ၇ နေရာမှာ ရှိပါတယ်၊ အခု ကျွန်တော်တို့ မြင်ကွင်းတွေ၊ အာရုံတွေထဲမှာ ခဏခဏ ပေါ်လာတတ်တဲ့ UN ရဲ့ Second Language လည်း ဖြစ်ပါတယ်၊ နောက်ထပ်ထူးခြားတဲ့အချက်ကတော့ Most Beautiful Spoken Language in the World ပါ၊ “Bonjour” ဆိုတဲ့ စကားလုံးလေးကိုက ကိုယ့်အတွက် ဆွဲဆောင်မှုရှိပြီး လှပနေတယ်လို့ ခံစားရရင်တော့ မိန်းကလေးတွေဆိုရင်လည်း တစ်ချိန်မှာ ကိုယ့်ကောင်လေးနဲ့ Paris မြို့ကို သွားပြီး ကြည်နူးခွင့်ရမယ်ဆိုတဲ့ နောက်ကွယ်က မသိနိုင်၊ မမြင်နိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်လို့ မှတ်ယူပါ ... 😆
အမျိုးသားလေးတွေအတွက်တော့ ဆိုဖွယ်ရာ မရှိပါဘူး၊ ပြင်သစ်စကားပြောတတ်ထားရင်တော့ ဆွဲဆောင်မှုအတိုင်းအတာ လယ်ဗယ်ဆိုးဟိုက်သွားလေမလားပေါ့ ... 😂
ပြင်သစ်ကတော့ ကဗျာဆန်တဲ့အချစ်တွေနဲ့ နာမည်ကြီးပါတယ်၊ Paris is the most exciting city in the world တဲ့၊ အခုကို ပန်းကလေးရေ ... လမ်းထိပ်မုန့်ဟင်းခါးဆိုင်ကနေ Paris အထိ မင်းနဲ့အတူသွားချင်တယ်တွေဘာတွေ လုပ်ချင်နေကြပြီမလား ... 😝
ကိုယ်ကတစ်နေ့မှာ ပြင်သစ်၊ ဆွစ်ဇလန်လို နိုင်ငံတွေကို ခလုတ်တိုက်ပြီး ရောက်သွားခဲ့သည်ရှိသော် Emily in Paris ထဲကလို နားလည်မှု အလွဲလွဲအချော်ချော်၊ Culture Shock ရဲ့ဒဏ်လည်းခံရ၊ ဘာသာစကားအခက်အခဲလည်း ကြုံရ၊ ထပ်လောင်းပြီး ဖူးစာရှင်နဲ့တွေ့ရမှာကို
ကိုရီးယားရုပ်ရှင်တွေထဲကလို ကပ်လွဲမနေရအောင် ကြိုတင်ဖြေရှင်းထားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ် ... 💁
ပြင်သစ်စကားအခုမှ စတင်လေ့လာမယ့်သူတွေအတွက်ကတော့ TYT ရဲ့ French Language Basic အတန်းလေးကို Join နိုင်ပါတယ်၊
✨ သင်ကြားပေးမဲ့ ဆရာမကတော့ Teacher Gen ဖြစ်ပါတယ်၊ BA (French) ကို MUFL ကနေ ရရှိခဲ့ပြီးတော့ ထိုင်းနိုင်ငံ Chulalongkorn University ကနေ ASEAN Scholarship ရရှိပြီး International Development Studies နဲ့ Master ဘွဲ့ရရှိခဲ့ပါတယ် ...
✨ French Basic Batch 1 ကို ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူတွေကိုယ်တိုင်ကလည်း
Self Study လုပ်ဖြစ်အောင် ထောက်ပံ့ပေးတဲ့ Assignment တွေ Groupwork တွေနဲ့ တော်တော်ကြိုးစားခဲ့ကြပါတယ်၊ ဆရာမကိုယ်တိုင်က
ဥရောပဘက်ကကျောင်းသားတွေ အတက်များတဲ့ Program မှာ အတော်လေး ကြိုးစားခဲ့ရတာကြောင့် ဒီသင်တန်းကို လာတက်တဲ့သူတွေကလည်း ကိုယ်တိုင်လုံးပန်းရမှာ အသေအချာပါပဲ၊
ဒီသင်တန်းလေးမှာ ပါ၀င်မဲ့ သင်ခန်းစာတွေကတော့
👉🏻 ဗျည်း၊ သရ
👉🏻 အသံထွက်နည်း
👉🏻 အသံချိတ်ဆက်ပုံ
👉🏻 နှုတ်ဆက်အသုံးအနှုန်းများ
👉🏻 ကိန်းဂဏန်းများ
👉🏻 နေ့ရက်၊ လနှင့် ရာသီများ
👉🏻 အခြေခံစကားလုံးများ
👉🏻 နာမ်ရှေ့သုံး အထီး အမ အညွှန်းစကားလုံးများ
👉🏻 နာမ်များကို အထီး အမ ခွဲနည်းများ
👉🏻 နေ့စဉ်သုံးစကားများ
👉🏻 အခြေခံမေးခွန်းများ
👉🏻 အငြင်းဝါကျများ
👉🏻 ကြိယာသဏ္ဌာန်ပြောင်းနည်း
👉🏻 မိမိကိုယ်ကို မိတ်ဆက်နည်း
တွေကို သင်ကြားရမှာပါ ...
သင်တန်းကြေးလေးကတော့ 10,000 ကျပ်ပါပဲခင်ဗျာ၊ အိပ်မက်တွေ ဈေးကြီးမနေတော့ပါဘူး ☺️
⏱️ Date and Time - Sat, Sun (08:00 - 09:30 AM)
Duration - 2 months course
Starting Date - 9 Oct 2021
❌ Recorded Video လုံး၀မဟုတ်ဘဲ ဆရာမနဲ့ Zoom ကနေတဆင့် Face to face သင်ကြားရမှာပါ။
ကဲ စိတ်၀င်စားရင်တော့ ဒီ Form လေးကနေ တဆင့် စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျာ ... ✍️
shorturl.at/htLQ8
ကျောင်းသားဦးရေ ကန့်သတ်ထားတာကြောင့် ဦးရာလူစနစ်ပါပဲဗျ၊
💁 ပြင်သစ်စကား လက်ရှိလေ့လာနေတဲ့သူတွေ အတွက်တော့ Duolingo French Podcast လေးကိုလည်း နားထောင်ဖို့ အကြံပြုပါရစေ၊ သူက အင်္ဂလိပ်နဲ့ ပြင်သစ်စကားကို တွဲဖက်ပြောပြထားလို့ နားလည်ရလွယ်ကူမယ်ထင်ပါတယ်၊ ကြိုးစားကြည့်ပါဗျ၊ Episode လေးတွေနဲ့ တစ်ပိုင်းတစ်ပိုင်းကို မိနစ် ၂၀ ၀န်းကျင်လောက်ပဲ ရှိတော့ အချိန်အများကြီး မကုန်ဘဲ တော်တော်အဆင်ပြေပါတယ်၊
https://podcasts.google.com/.../aHR0cDovL2ZycG9kY2FzdC5kd...
💁 နောက်တစ်ခုကတော့ French Language လေ့လာနေတဲ့သူတွေအတွက် Emily in Paris ကားလေးကို ကြည့်ဖို့ ညွှန်းပါတယ်၊ ကျွန်တော်တို့ဟာ အမြဲတမ်း (Comfort Zone) ကိုယ်နဲ့နေသားကျနေတဲ့အရာတွေကနေ သွေဖယ်မသွားချင်ကြပါဘူး၊ အဲ့လိုပဲ Emily Cooper ကလည်း Chicago ကနေ Paris ကို ပြောင်းပြီး အလုပ်လုပ်ရလိမ့်မယ်လို့ သူဘယ်တော့မှ မျှော်လင့်ထားတာ မဟုတ်ပါဘူး၊ တကယ်တမ်း ကြုံလာတဲ့အခါမှာတော့ အခက်အခဲတွေ၊ အလွဲအမှားတွေဖြစ်တယ်၊ သို့ပေမယ့်လည်း Comfort Zone ရဲ့ ပြင်ပမှာ အရမ်းမိုက်တဲ့အရာတွေ ရှိနေပြန်ပါတယ်၊ အဲ့လိုပဲ ဘာသာစကားသင်ယူရာမှာလည်း စာချည်းပဲ ထိုင်ကျက်နေတာမျိုး မဟုတ်ဘဲ သူတို့ယဉ်ကျေးမှုတွေ၊ အလေ့အထတွေကို ရှာဖွေလေ့လာထားခြင်းဖြင့်လည်း ဘာသာစကားကို ပိုမြတ်နိုးလာပြီး Motivation သပ်သပ်ရှာနေစရာ
မလိုတော့ပါဘူး၊ လေ့လာလိုစိတ် တဖြည်းဖြည်းများလာမှာပါ၊ ဒါ့အပြင် ဒီဇာတ်ကားကနေ ပြင်သစ်ရဲ့ နာမည်ကျော်ကြားတဲ့ အလှအပတွေ၊ ယဉ်ကျေးမှုတွေ၊ ဖက်ရှင်တွေ၊ နာမည်ကြီး Brand တွေကိုလည်း တွေ့မြင်ရမှာဖြစ်တာကြောင့်
စိတ်လှုပ်ရှားစရာကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ ...
Season 1 ကြည့်ပြီးတဲ့သူတွေအတွက် Season 2 က November 11 မှာ ထွက်မယ်တဲ့ဗျာ၊ This Winter ပေါ့၊ ရင်ခုန်စွာနဲ့ ဘယ်လိုလေး လာမလဲဆိုတာ စောင့်ရဦးမယ် ... 😁
အခုလို ပြင်သစ်ဘာသာစကားအကြောင်း တစေ့တစောင်းကို အတူဖတ်ရှုပေးခဲ့ကြတဲ့ TYTimers တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ကမ္ဘာပေါ်မှာ အသံထွက်အလှဆုံး ဘာသာစကားက ပြင်သစ်ဖြစ်တယ်ဆိုရင် လက်ရေးအလှဆုံး ဘာသာစကားကကော ဘာဖြစ်မလဲခင်ဗျာ?
#Frenchlanguage
#takeyourtimemyanmar
Course Name | French Language Basic |
---|---|
Course Timetable | Sat, Sun (08:00 - 09:30 AM) |
Type of Course | paid_course |
Course Duration | 2 months |
Course Application Deadline | October 9, 2021 |
Course Start Date | October 9, 2021 |
Place | _ |
Price | 10000 Kyats |
Copyright © 2021 Take Your Time - All rights reserved.