Course Start Date : August 7, 2021
Price : 10000 Kyats
Place : _
Duration : 2 months
Taught by :
Teacher Gen
မင်္ဂလာပါ TYTimers တို့ခင်ဗျာ ⏱️
လူငယ်တွေအတွက် စိတ်၀င်စားစရာကောင်းတဲ့၊ အသုံး၀င်နိုင်မယ့် သင်တန်းလေးတွေ ဖွင့်လှစ်ပေးလာတာ ယခုတစ်ခေါက်တော့ ပြင်သစ်ဘာသာစကားအလှည့် ရောက်ရှိလာပါပြီခင်ဗျာ 🇫🇷
TYT မှာ French Language ကို အားဖြည့်သင်ကြားပေးမဲ့ ဆရာမကတော့ Teacher Gen ဖြစ်ပါတယ်၊
BA (French) ကို MUFL ကနေ ရရှိခဲ့ပြီးတော့ Master ဘွဲ့ကိုတော့ ထိုင်းနိုင်ငံ Chulalongkorn University ကနေ Asean Scholarship ရရှိပြီး
(International Development Studies) နဲ့
တက်ရောက်သင်ယူရရှိခဲ့ပါတယ် ...
အဲ့တော့ ကျောင်းသားတွေအနေနဲ့ပြင်သစ်စာ
သင်ရုံမဟုတ်ဘဲ Tr. Gen နဲ့ Chula မှာ scholar ရဖို့ကြိုးစားခဲ့ရပုံ၊
Thai နိုင်ငံမှာနေထိုင်ရတဲ့ Lifestyle တွေကိုလည်း
အနီးကပ် လေ့လာခွင့်ရအုန်းမှာဖြစ်ပါတယ် ...
လက်ရှိမှာလည်း French Language ကို online ကနေ သင်ကြားပို့ချပေးလျက်ရှိပါတယ်ခင်ဗျာ ... 🥳
ဒီသင်တန်းလေးမှာ ပါ၀င်မဲ့ သင်ခန်းစာတွေကတော့
👉🏻 ဗျည်း၊ သရ
👉🏻 အသံထွက်နည်း
👉🏻 အသံချိတ်ဆက်ပုံ
👉🏻 နှုတ်ဆက်အသုံးအနှုန်းများ
👉🏻 ကိန်းဂဏန်းများ
👉🏻 နေ့ရက်၊ လနှင့် ရာသီများ
👉🏻 အခြေခံစကားလုံးများ
👉🏻 နာမ်ရှေ့သုံး အထီး အမ အညွှန်းစကားလုံးများ
👉🏻 နာမ်များကို အထီး အမ ခွဲနည်းများ
👉🏻 နေ့စဉ်သုံးစကားများ
👉🏻 အခြေခံမေးခွန်းများ
👉🏻 အငြင်းဝါကျများ
👉🏻 ကြိယာသဏ္ဌာန်ပြောင်းနည်း
👉🏻 မိမိကိုယ်ကို မိတ်ဆက်နည်း
စတာတွေ စုံလင်စွာ သင်ကြားရမှာ ဖြစ်ပါတယ် ... 😱
ပြင်သစ်စကားသင်ယူလိုသူတွေအတွက် ဒီသင်တန်းလေးက ရွေးချယ်ချင်စရာပါပဲခင်ဗျာ 🥖😋
သင်တန်းကြေးလေးကတော့ 10,000 ကျပ်ပါခင်ဗျာလူငယ်တွေ တက်ရောက်နိုင်အောင် အထူးစီစဉ်ထားပါတယ် ... 🧡
⏱️ သင်တန်းချိန် - Sat, Sun
08:00 - 09:00 AM
2 months course
❌ Recorded Video လုံး၀မဟုတ်ဘဲ ဆရာမနဲ့ Face to face သင်ကြားနိုင်မှာ ဖြစ်ပြီး၊ Class Activities, Lectures, Assignments တွေကို ပျော်ပျော်ပါးပါးနဲ့ သေချာလိုက်လုပ်ဖို့ လိုအပ်ပါတယ်ခင်ဗျာ ...
ကဲ စိတ်၀င်စားရင်တော့ ဒီ Form လေးကနေ တဆင့် စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျာ ... ✍️
https://forms.gle/BxwZmrZBcwjocsGH9
Edit - form ပိတ်လိုက်ပါပြီ ခင်ဗျာ။
ကျောင်းသားဦးရေ ကန့်သတ်ထားတာကြောင့် ဦးရာလူစနစ်ပါပဲခင်ဗျာ၊ သို့ပေမဲ့ Registration Form မှာတော့ information တွေကိုသေချာဖြည့်ပေးဖို့လိုပါတယ်၊ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Criteria နဲ့ မကိုက်ညီရင် ရွေးချယ်ခံရမှာ လုံး၀မဟုတ်ပါဘူးခင်ဗျာ၊ သင်တန်းအဆုံးမှာ ကျွန်တော်တို့ရဲ့ မေတ္တာစေတနာနဲ့ စီစဉ်ထားတဲ့အရာကို ရရှိဖို့အတွက် သင်တန်းစည်းကမ်းတွေကိုလည်း ထိန်းသိမ်းလိုက်နာဖို့ လိုအပ်ပါတယ် ...
တက်ရောက်ခွင့် ရရှိသူတွေကို 📧 Email ကနေ အကြောင်းကြားမှာ ဖြစ်လို့ Email ကို ပစ်မထားပါနဲ့ခင်ဗျာ၊ တစ်နေ့နှစ်ကြိမ်လောက်တော့ စစ်ဆေးပေးပါ၊ အရေးကြီးတစ်ချက်အနေနဲ့ Register လုပ်လိုက်တဲ့ ကိုယ့်ရဲ့ Email address က မှန်ကန်ဖို့ အရေးကြီးပါတယ်၊ မှန်မမှန် သေချာပြန်စစ်ပြီးမှ submit လုပ်ပါခင်ဗျာ၊ နောက်တစ်ချက်အနေနဲ့ Email လက်ခံ
မရရှိခဲ့ရင် spam ထဲမှာ သွားရောက်စစ်ဆေးပေးပါခင်ဗျာ၊ တစ်ခါတစ်လေspam ထဲ ရောက်နေတတ်ပါတယ် ...
TYTimers တို့ လက်မြန်ပါစေ၊ မှန်ကန်ပါစေခင်ဗျာ
💯
#frenchlanguage
#takeyourtimemyanmar
#opportunitiesformyanmaryouths
Course Name | French Language |
---|---|
Course Timetable | Sat, Sun 08:00 - 09:00 AM |
Type of Course | paid_course |
Course Duration | 2 months |
Course Application Deadline | August 7, 2021 |
Course Start Date | August 7, 2021 |
Place | _ |
Price | 10000 Kyats |
Copyright © 2021 Take Your Time - All rights reserved.