Course Start Date : January 3, 2022
Price : 45000 Kyats
Place : Zoom
Duration : 2 months
Taught by :
Tr. Zay Yar
🙏 ဆဝါဒီးခရပ်🙏
TYTimers တို့ရေ ...🙋🏻♂️
ဒီနေ့ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကြုံတွေ့ရလေ့ရှိတဲ့ ကိစ္စလေး တစ်ခုကို ပြောကြပါမယ်။ 🌿
လက်ရှိထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ ကျောင်းသားအချို့ ပြောပြတာက - 7 Eleven လို Convenience Store ကို သွားရင်တောင် English လိုပြောရင် အရောင်း၀န်ထမ်းတွေက သိပ်ပြီး
ချေချေငံငံမဆက်ဆံကြဘူးတဲ့ ... 😯
ထိုင်းလိုပြောမှပဲ သေချာကောင်းကောင်းပြန်ပြီးဆက်ဆံတယ်တဲ့၊ ဒါက Language Barrier ကြောင့်လား (သို့) ထိုင်းစကားမတတ်တဲ့ မြန်မာနိုင်ငံသားတွေကို Descriminate လုပ်တာလားဆိုတဲ့အချက်တွေကို စဉ်းစားမိပါတယ်...🙇🏻♂️
ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှကုန်းတွင်းပိုင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေထဲမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။ 🤵🏻
အဲ့အခါမှာ သူတို့အနေနဲ့ ထိုင်းစကားကို နေ့စဉ်လုပ်ငန်းခွင်မှာ လေ့လာရမှာ ဖြစ်ပြီး ကျွန်တော်တို့ ကျောင်းသားတွေအနေနဲ့ကျ English လိုသင်တဲ့ Program တွေများတာကြောင့် တက္ကသိုလ်ရပ်၀န်းမှာက English ကိုပဲ အသုံးပြုကြရတာ ဖြစ်ပါတယ်။ အဲ့အခါကျမှ ကိုယ်က ပတ်၀န်းကျင်မှာ ထိုင်းလိုအသုံးပြုလာရမှာတွေရှိလာပြီ၊ လမ်းနာမည်ကအစ ထိုင်းနာမည်တွေ၊ သက္ကရာဇ်တွေကလည်း ထိုင်းသက္ကရာဇ်တွေနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံလာရတော့မှာ ဖြစ်ပါတယ်။ 😬
ဒါကြောင့်အခုလို အချိန်များများစားစားရရှိနေတဲ့အချိန်မှာ ထိုင်းကို ပညာသင်သွားမဲ့ ကျောင်းသားတွေအနေနဲ့ ထိုင်းဘာသာစကားကို ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ထင်ပါတယ်။ TYT က ထိုင်းတက္ကသိုလ်က ပေးအပ်တဲ့ ပညာသင်ဆုအခွင့်အရေးတွေကို အစဉ်တစိုက်မျှဝေခဲ့ပြီး တက္ကသိုလ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Sharing Session တွေ ရှိသလို ယခုလည်း ထိုင်းဘာသာစကားသင်တန်းတွေကို ထပ်မံဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်...✨
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ TYT ကနေ ထိုင်းဘာသာစကားကို Pro ကျကျလေ့လာချင်တဲ့ TYTimers တို့အတွက် Thai Basic Course Batch III ကိုထပ်မံ ဖွင့်လှစ်ပေးလိုက်ပါပြီခင်ဗျာ ...
🇹🇭 ထိုင်းမြေမှာ ကျောင်းသွားတက်ချင်တဲ့ကျောင်းသားများအနေနဲ့ နေ့စဉ်သုံးအခြေခံစကားပြောလောက်ကို သိထားမှ ထိုင်းမှာနေထိုင်ရတာ ပိုအဆင်ပြေမှာမို့ လက်မလွှတ်သင့်တဲ့ အတန်းလေးတစ်ခုလည်းဖြစ်ပါတယ်ဗျ💡
ဒီအတန်းလေးကိုသင်ကြားပေးမယ့် Tr. Zay Yar ကတော့ ငယ်ငယ်တည်းက ထိုင်းနိုင်ငံမှာကြီးပျင်းခဲ့တာဖြစ်ပြီး မြန်မာပြည်မှာပြန်နေထိုင်တာ နှစ်အနည်းငယ်ဘဲရှိပါသေးတယ်... လက်ရှိလည်း ဘာသာစကားသင်တန်းကျောင်းတစ်ခုကို ဦးစီးသင်ကြားပေးနေတဲ့ ဆရာတစ်ယောက်လည်းဖြစ်ပြီး ထိုင်းဘာသာစကားသင်ကြားပို့ချလာတာ ၅ နှစ်ကျော်ရှိနေပါပြီ😯
📚ဒီအတန်းမှာ သင်ကြားပေးမယ့်သင်ခန်းစာတွေကတော့...
🌿အခန်း(၁) ထိုင်းဗျည်း (၄၄)လုံး
ထိုင်းသရ (၃၂)လုံး
ထိုင်းအက္ခရာ (၄)လုံး
🌿အခန်း(၂) အခြေခံစာလုံးပေါင်းနည်း၊ ဖတ်နည်း
🌿အခန်း(၃) ပမာဏအရေတွက်အခေါ်ဝေါ်များ
🌿အခန်း(၄) နေ့ရက်လ အချိန်အခေါ်ဝေါ်များ
🌿အခန်း(၅) နှုတ်ဆက်မေးမြန်းခြင်းစကားများ
🌿အခန်း(၆) နေ့စဉ်သွားလာရေးစကားများ
🌿အခန်း(၇) ဈေးဝယ်သွားသုံးစကားများ
🌿အခန်း(8) အခြေခံမေးခွန်းထုတ်နည်း၊ ဖြေဆိုနည်းများ ပါဝင်ပါတယ် ...
Class Schedule
🔔 Course Name : Thai Basic Course
🗓️ Starting Date : 3 Jan 2021
⏰ Date & Time : Mon, Fri (12:30-02:30PM)
⏳ Duration : 2 Months
💰 Course Fees : 45000 ks
အားသာချက်တစ်ခုက
❌Record video တွေမဟုတ်ဘဲ ❌
✅TYT သင်တန်းတွေရဲ့ထုံးစံအတိုင်း Zoom ကနေတဆင့် ဆရာနဲ့ Face to Face သင်ကြားရမှာဖြစ်ပြီး
✅Self-improvement ဖြစ်အောင်အလို့ဌာ Assignment တွေစစ်ရုံမကဘဲ Feedback ပါပေးမှာပါ 😱
✅သင်တန်းချိန်အတွင်း Record လုပ်ထားမှာဖြစ်ပြီး
နားမလည်ရင် သင်ခန်းစာများကို အချိန်မရွေး
ပြန်လည်ကြည့်ရှု့နိုင်အောင်ပါစီစဉ်ပေးထားပါတယ် ...💯
🙋🏻♂️ကဲ...စိတ်ဝင်စားပြီး တကယ်တက်ချင်တယ်ဆိုရင်တော့ အောက်မှာ Google Form ဖြည့်ပြီး
လျှောက်ထားနိုင်ပါပြီ ...
https://3c5.com/obLBi
🔥Frist come, first serve🔥 စနစ်နဲ့သွားမှာ
ဖြစ်ပါတယ်ခင်ဗျား ...
လူပြည့်တာနဲ့ Form ပိတ်မှာမို့ Enrollment ကို အမြန်ပြုလုပ်ဖို့ လိုအပ်ပါတယ် ... 🏃
Limited Seats Only ‼️
ဒီလိုအခွင့်အရေးကောင်းကို Thai စကားလေ့လာချင်တဲ့သူငယ်ချင်းတွေသိအောင် sharing လုပ်ပေးပါခင်ဗျာ ...
สวัสดีครับ
#takeyourtimemyanmar
#thailanguage
#opportunityformyanmaryouth
Course Name | Thai Basic Course |
---|---|
Course Timetable | Mon, Fri (12:30-02:30PM) |
Type of Course | paid_course |
Course Duration | 2 months |
Course Application Deadline | January 2, 2022 |
Course Start Date | January 3, 2022 |
Place | Zoom |
Price | 45000 Kyats |
Copyright © 2021 Take Your Time - All rights reserved.