Deadline : January 19, 2022
Level : Undergraduate, Master, Phd
Funding : Fully-Funded
Place : Finland, Espoo
Given by :
Aalto University
✨ TYTimers လေးတို့အထဲမှာ အနုပညာကိုချစ်မြတ်နိုးကြတဲ့သူလေးတွေရှိကြပါလားခင်ဗျာ။ နိုင်ငံတကာက လူငယ်တွေနဲ့အတူအနုပညာအသစ်အသစ်တွေကို explore လုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့နဲ့အတူ ဒီ University ကိုတစ်ခေါက်လောက်လေ့လာကြည့်လိုက်ရအောင်...
Espoo ပြည်နယ်ထဲမှာတည်ရှိပြီးတော့၊ Helsinki University မှာလဲ Campus အခွဲရှိတဲ့ Aalto University ကတော့ Finland နိုင်ငံရဲ့နောက်ထက် Top Ranking Research Institution တစ်ခုပဲဖြစ်ပါတယ်။ Helsinki University ပြီးရင် Finland နိုင်ငံရဲ့ Top University တစ်ခုလို့ပြောလို့ရသလို၊ Art and Design ကိုအသားပေးတဲ့အတွက်ကြောင့် International Student တွေရဲ့အာရုံစိုက်ခံရမှုလဲများပါတယ်။
Aalto ကို 2010 မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးတော့၊ ယခင်ကရှိခဲ့တဲ့ Helsinki University ရဲ့အခွဲတွေဖြစ်တဲ့
- University of Technology
- University of Economics
- University of Art & Science အစရှိတာတွေကိုပေါင်းပြီးတော့ ပြန်လည်တည်ထောင်ထားတာပါ..
Art ကိုဦးစားပေးတဲ့ကျောင်းဖြစ်တဲ့အလျောက် Aalto ဆိုတဲ့နာမည်ဖြစ်ပေါ်လာရတာက Finnish Architect တစ်ယောက်ဖြစ်တဲ့ Alvar Aalto ကိုမှီငြမ်းထားတယ်လို့လဲသိရပါတယ်။ Aalto University မှာသင်ကြားလို့ရမဲ့ဘာသာရပ်တွေကတော့
🔸Art, Design & Media
🔸Business & Management
🔸Engineering & Technology
🔸Natural Sciences & Mathematics
🔸Social Sciences ဆိုပြီး အသီးသီးရှိပါတယ်ခင်ဗျ...
ထုံးစံအတိုင်းပဲ Study Degrees တွေအနေနဲ့
- Bachelor
- Master
- Doctorate အစရှိတဲ့ degree သုံးမျိုးရှိမှာဖြစ်ပါတယ်။
💰 Tuition Fee အနေနဲ့ကတော့ Helsinki University နဲ့အလားတူပဲ EA/EEA အတွင်းကနေတက်ရောက်မဲ့ candidates တွေအတွက် free ဖြစ်ပြီးတော့၊ International ကျောင်းသားတွေအတွက်ကတော့
▫ 12,000€ per year for Bachelor
▫ 15,000€ per year for Master အသီးသီးကုန်ကျမှာပါ။
Scholarship တွေအနေနဲ့ကကော ❓
Scholarships တွေအနေနဲ့ကတော့ Aalto ကပေးတဲ့ program တွေအပြင်၊ HAIC ကပေးတဲ့ scholars တွေလဲရှိပါတယ်။ ဒီတစ်ခေါက်ကတော့ 100% Tution Fees Grant ကိုပဲ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ...
To apply, students must :
ဘယ်လိုလျှောက်ရမလဲ ❓
- အရင်ဆုံး Study Options Page(Apply Button) မှာကိုယ်တက်ရောက်မဲ့ ဘာသာရပ်နဲ့ပတ်သတ်တဲ့ လိုအပ်မဲ့ Requirements တွေအရင်သွားကြည့်ဖို့လိုအပ်ပါမယ်။ ဘာသာရပ်တစ်ခုချင်းစီအလိုက်ကွာခြားချက်တွေရှိနိုင်တာကို သတိချပ်ရပါမယ်။
- နောက်ပြီး admission period ကလိုသေးတဲ့အတွက် official website မှာ update news တွေစောင့်ကြည့်ဖို့တော့လိုပါမယ်ခင်ဗျ။
- Documents တွေစုံပြီဆိုရင်တော့ သက်ဆိုင်ရာ link တွေမှာ admit လုပ်လိုက်မယ်ဆိုရင်လျှောက်ထားတဲ့ process ပြီးပါပြီခင်ဗျာ။
Type of Oppotunity | Undergraduate, Master, Phd |
---|---|
Deadline | January 19, 2022 |
Place | Finland, Espoo |
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments