Deadline : January 19, 2022
Level : Undergraduate, Master, Phd
Funding : Fully-Funded
Place : Finland
Given by :
Tampere University
TYTimers လေးတွေကို ပြောပြပေးဖို့ရွေးထားတဲ့ နောက်ထပ် ထိပ်တန်းတက္ကသိုလ်တစ်ခုကတော့ Tampere University ပဲဖြစ်ပါတယ်။ ဒီတက္ကသိုလ်ကိုစတင် တည်ထောင်ခါစမှာ Research University တစ်ခုအဖြစ် လူသိများပေမဲ့ နောက်ပိုင်းမှာတော့ Applied Science ဘာသာရပ်တွေမှာ အားကောင်းတဲ့ တက္ကသိုလ်တစ်ခုအဖြစ် နာမည်ကြီးလာပါတယ်။ ဒီ University မှာဆိုရင် Campus တွေကလည်း (၄)ခုလောက်ရှိတဲ့အပြင် ကျောင်းသားတွေရဲ့ Indoor, Outdoor Activities တွေအတွက် Sports club (၃၀)နီးပါးလောက်လဲရှိပါသေးတယ်ခင်ဗျ...
ဒါ့အပြင် လက်ရှိ Finland နိုင်ငံရဲ့ ဝန်ကြီးချုပ်အပါအဝင် Finland နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း တော်တော်များများ လည်း ဒီတက္ကသိုလ်ကနေဘွဲ့ရသူတွေဆိုတော့ သမိုင်းအစဉ်အလာကြီးတဲ့ ကျောင်းဆိုလည်းမမှားပါဘူး။
ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ တက္ကသိုလ်မှာ
- Information Technology
- Communication Science
- Engineering
- Medicine and Health Technology
စတဲ့ ဘာသာရပ်တွေအပြင် တခြားသော ဘာသာရပ်ပေါင်းများစွာကို
🔸Bachelor
🔸Master
🔸Doctor Degree program (၃)မျိုး တက်ရောက်နိုင်မှာဖြစ်ပါတယ်...
Tuition Fees တွေအနေနဲ့ကကော
Tuition Fees တွေအနေနဲ့ကလဲ တခြား University တွေလိုပဲပျမ်းမျှအားဖြင့်
14,000 ဝန်းကျင်လောက်ကုန်ကျမှာဖြစ်ပါတယ်ခင်ဗျ။
Scholarship တွေအနေနဲ့
🔸Tampere Global Scholarship (7,000€/year for living costs + 100% tuition fee waiver)
🔸Tampere Tuition Waiver (100% tuition fees grant)
🔸Early Bird Scholarship ( 50% tuition fees grant) အသီးသီးရှိကြပါတယ်...
To apply, students must :
📌 Application လုပ်ဖို့အတွက်
Tampere University ရဲ့ Study Option Website(Apply Button) မှာ ကိုယ်တက်ရောက်မဲ့ Degree ကိုရွေးချယ်ပြီး၊ လျှောက်ထားချင်တဲ့ ဘာသာရပ်တွေကို အသေးစိတ်ဖော်ပြထားတာရှိတဲ့အတွက် အရင်ဆုံးဖတ်ကြည့်ဖို့လိုပါမယ်။ Subject တစ်ခုချင်းစီတိုင်းမှာ ဘယ်လိုလျှောက်ရမယ်ဆိုတာတွေနဲ့ requirements တွေကို details ဖော်ပြထားတွေဖတ်ပြီးပြီဆိုရင် လိုအပ်တာတွေကို attach လုပ်ပြီး သက်ဆိုင်ရာ link မှာ admit လုပ်ရုံပါပဲခင်ဗျာ။
More information about Scholarship >> https://www.tuni.fi/en/study-with-us#expander-trigger--4669e354-8d9b-41d7-b079-df58a6316f26
ကဲ ဒီနေ့မှာတော့ Finland မှာကျောင်းတက်ဖို့စိတ်ကူးထားတဲ့သူတွေအတွက်ကော၊ နောင်တစ်ချိန်မှာတက်ဖို့ရည်ရွယ်ထားတဲ့သူတွေပါ Finland နိုင်ငံရဲ့ ဘယ် University ကဘယ်လိုရှိတယ်ဆိုတာကို သိသွားလောက်ကြမယ်လို့ထင်ပါတယ်။ နောင်လဲ ဒီလိုမျိုး collection လေးတွေ အခြေအနေပေးရင်တင်ပေးသွားဦးမှာမို့လို့ အားလုံးပဲ ကျန်းကျန်းမာမာနေရင်း Stay tuned ပါနော်...
Type of Oppotunity | Undergraduate, Master, Phd |
---|---|
Deadline | January 19, 2022 |
Place | Finland |
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments