ASEAN and Asia-Pacific Development Scholarship 2022

Deadline : January 7, 2022

Level : Undergraduate

Funding : Partial-Funded

Place : Thailand

Given by : Dusit Thani College

Updated on November 20, 2021

Details

Hospitality Industry ကိုစိတ်၀င်စားတဲ့ TYTimers တွေထဲမှာ အထက်တန်းအောင်ထားပြီး 2022 မှာ တက္ကသိုလ်စတက်မဲ့သူတွေရှိလား ??

မင်္ဂလာပါခင်ဗျာ 🙋

💁 ဒီနေ့‌တော့ Hospitality industry ကို စိတ်၀င်စားတဲ့သူတွေအတွက် Undergraduate Scholarship တစ်ခုအကြောင်း ပြောပြချင်ပါတယ်။

👉 အဲ့ဒါကတော့ “ASEAN and Asia-Pacific Development Scholarship” အကြောင်းပါဗျ။

🤗 ဘန်ကောက်က Dusit Thani College မှာ တက်ရောက်ပညာသင်ကြားခွင့်ရမဲ့ ‘Partial Scholarship’ ဖြစ်ပါတယ်။

✌️ Dusit Thani College ကတော့ Hospitality Industry အတွက် ထူးချွန်ထက်မြတ်တဲ့သူတွေကို မွေးထုတ်ပေးနေတဲ့ Private Institute တစ်ခုပါခင်ဗျာ၊ ထိုင်းနိုင်ငံရဲ့ Five-star hospitality group ကို leading လုပ်လာတာ နှစ်လေးဆယ်ကျော်ကြာလာပြီ ဖြစ်တဲ့ ကျောင်းတစ်ခုလည်း ဖြစ်ပါတယ်။ သူတို့ website ထဲ ၀င်ကြည့်လိုက်တာနဲ့ Luxury, Brand ဆိုတဲ့ အရသာတွေကို ခံစားရပါတယ်။ ၀င်ကြည့်ဖို့ မမေ့ပါနဲ့ခင်ဗျာ ...
https://dtc.ac.th/en/

✓ ရွေးချယ်စရာ International Program နှစ်ခုရှိပါတယ်။ အဲ့ဒါတွေကတော့ -

1.1. B.B.A Program in Hospitality Management
https://dtc.ac.th/en/international-student/hotel-and-resort-management/

1.2. B.B.A Program in Professional Culinary Arts တို့ပဲ ဖြစ်ပါတယ်။
https://dtc.ac.th/en/international-student/professional-culinary-art/

• Program နာမည်နဲ့အတူ ဖော်ပြထားတဲ့ website တွေထဲကနေ Program Structure တွေ၊ ကုန်ကျစရိတ်တွေ၊ Instructor Profiles တွေနဲ့ Application တွေပါ ရယူနိုင်ပါတယ်။

နံပါတ် 1 Program အတွက် 50% tution fees waiver ရရှိနိုင်မှာ ဖြစ်ပြီး နံပါတ် 2 Program အတွက် 25% tuition fees waiver ရရှိနိုင်မှာ ဖြစ်ပါတယ်။

✓ Qualifications and Requirements

2.1. လျှောက်မဲ့သူဟာ အာဆီယံနိုင်ငံသား (သို့) ‌အာရှပစိဖိတ်ဒေသနိုင်ငံသား ဖြစ်ရပါမယ်။
2.2. ၁၂ တန်းပညာရေးအောင်မြင်ကြောင်း လက်မှတ် (သို့) Ministry of Education, Thailand က အသိအမှတ်ပြုတဲ့‌ ဒေသတွင်းနဲ့ နိုင်ငံတကာကျောင်းတွေက certificate ရရှိထားရင် လျှောက်ထားနိုင်ပါတယ်။
2.3. CGPA 2.50 နဲ့ အထက် ရှိထားရပါမယ်။
2.4. ပြစ်မှုကင်းရှင်းတဲ့သူ
2.5. Personality ကောင်းမွန်သူ
2.6. ကူးစက်ရောဂါကင်းရှင်းသူ
2.7. ‌မူးယစ်ဆေးဝါးကင်းရှင်းသူ
2.8. English Proficiency:
- TOEFL PBT or TOEFL ITP 500
- TOEFL IBT 61
- IELTS 5.5
- SAT Evidence Based Reading and
Writing 500
- SAT Math 500
ဒါတွေအကုန်လုံးက ၂ နှစ်အတွင်း ဖြေဆိုရရှိထားတဲ့ score တွေ ဖြစ်ရပါမယ်။

✓ Application Process

3.1. လျှောက်ထားမဲ့သူတွေက Admission Department ကနေ Application Form တောင်းပြီး ဖြည့်စွက်တင်သွင်းရပါမယ်။
www.dtc.ac.th မှာ စုံစမ်းပါခင်ဗျာ။

3.2. Mon-Fri Office hours (08:30 am - 05:30 pm) အတွင်း လျှောက်ထားနိုင်ပါတယ်။

✓ Required Documents

4.1. တစ်လက်မဆိုဒ်ဓာတ်ပုံနဲ့အတူ ပြည့်ပြည့်စုံစုံ ဖြည့်စွက်ထားသည့် Application Form
4.2. Student Passport မိတ်တူ
4.3. High School Transcript/ High School Certificate မိတ္တူနှစ်စောင်
4.4. Letter of certification for no record of bad behaviour
4.5. English Proficiency Test Result (if any)
4.6. A Portfolio containing academic and professional achievements
ဒီစာရွက်စာတမ်းတွေအားလုံးမှာ မှန်ကန်ကြောင်း သက်သေအဖြစ် ‌ကျောင်းသားကိုယ်တိုင် လက်မှတ်ထိုးထားရပါမယ်။

✓ Admission Period

1st Semester Year 2022 – Round I
Application Now – October 15, 2021
Interview session – October 29 – 30, 2021
Announcement of Scholarship recipients – November 8, 2021

1st Semester Year 2022 – Round II
Application Now – December 17, 2021
Interview session – January 08, 2022
Announcement of Scholarship recipients – January 17, 2022

✓ Scholarship Selection Process

6.1. ပြည့်စုံစွာ ဖြည့်ထားတဲ့ Application နဲ့အတူ လိုအပ်တဲ့စာရွက်စာတမ်းတွေ တပါတည်း တင်ထားတဲ့ လျှောက်ထားသူတွေ အားလုံးကို Scholarship Application Evaluation Committee က Interview ဖြေဆိုခိုင်းမှာ ဖြစ်ပါတယ်။

6.2. Qualified ဖြစ်တဲ့ သူတွေကို စိစစ်ရွေးချယ်ပြီး Scholarship ပေးမှာ ဖြစ်ပါတယ်။

6.3. Scholarship Application Evaluation Committee က‌ နောက်ဆုံး ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။

For more information, please contact:
Admission Department (International Admission), Dusit Thani College
02-721-8471
Email: admission@dtc.ac.th

🙆 ကျေးဇူးတင်ပါတယ်ခင်ဗျာ၊
အဆင်ပြေကြပါစေ။ 🤍

#koon
#ASEANandAsia_PacificDevelopment
#Scholarship
#DusitThaniCollege
#takeyourtimemyanmar


Eligibility Criteria

To apply, students must :


Benefits


Academic Requirements


Specification

Type of Oppotunity Undergraduate
Deadline January 7, 2022
Place Thailand

Is this content useful to you?

Thanks for your feedback


Add Comment

Comments

cmt_img
Obito November 23, 2021

Thz

cmt_img
Tnarita November 23, 2021

Thz