Deadline : January 19, 2022
Level : Undergraduate, Master
Funding : Fully-Funded
Place : Finland
Given by :
Finland Government
Finland 🇫🇮 လို့ပြောလိုက်ရင် ဥရောပရဲ့ မြောက်ဘက်အစွန်က သဘာဝရဲ့ဆန်းကြယ်မှုတွေဟာတည်ရှိနေကြောင်းသက်သေပြနေတဲ့ အရမ်းလှတဲ့နိုင်ငံလေးတစ်နိုင်ငံကိုပြေးမြင်ကြမယ်ဆိုတာ ပြီးခဲ့တဲ့တစ်ခေါက်ကလည်းပြောပြထားဖူးပါတယ်နော်။
ဒီလိုအရမ်းလှတဲ့နိုင်ငံလေးမှာ Fully Funded Scholarship နဲ့ကျောင်းတက်ရမယ်ဆိုရင်ကော စိတ်ဝင်စားကြလားဗျ 🙄
ဟုတ်ပါတယ်၊ နှစ်စဥ် Finland Government ကနေ နိုင်ငံတကာကကျောင်းသားတွေအတွက် ဖင်လန်မှာပညာသင်ကြားနိုင်ဖို့ ကမ်းလှမ်းပေးနေကြ Fully Funded Scholarship လေးကိုယူဆောင်လာပါပြီခင်ဗျ 🙆♂️ Finland နိုင်ငံက သူ့ရဲ့အလှတရားနဲ့ ပညာရေးစနစ်တွေကြောင့်ပဲ ကမ္ဘာအနှံ့ကကျောင်းလာတက်တဲ့သူတွေအရမ်းများပါတယ်...
ဒီ Scholarship ကိုတော့ Finland Government ကနေကမ်းလှမ်းပေးတာဖြစ်ပြီးတော့ တက်ရောက်နိုင်မယ့် Programmes တွေကတော့ -
🔸Bachelor Degree
🔸Master Degree အသီးသီးဖြစ်ပြီးတော့၊ University ရွေးချယ်မှုအနေနဲ့ -
🔸University Institution (13 Universities)
🔸University of Applied Sciences (22 Universities) ဆိုပြီးအသီးသီးရှိမှာပါ ( Finland ရဲ့ University Education အကြောင်းကိုယခင် post မှာရှင်းပြပေးဖူးတာရှိတာမလို့ သွားဖတ်ကြည့်လို့ရပါတယ်နော်)
Post >> https://www.facebook.com/428105234009235/posts/2112452555574486/
တက်ရောက်နိုင်မယ့် Major တွေကလည်း UAS ပါတာမလို့အစုံအလင်ပါပဲ -
▪️ Agriculture, Forestry, Fisheries and Veterinary
▪️ Arts
▪️ Business, Administration and Law
▪️ Education
▪️ Engineering, Manufacturing and Construction
▪️ Information and Communication Technologies
▪️ Natural Sciences, Mathematics and Statistics
▪️ Social Sciences, Journalism and Information
ဒါအပြင်ကိုမှ ကိုယ်က IELTS နဲ့ပတ်သတ်ပြီး အဆင်မပြေတာ၊ မသေချာတာဖြစ်နေတယ်ဆိုရင်လည်း ဒီ University တွေကနေ IELTS Certification မပါဘဲလျှောက်ထားလို့ရပါတယ် -
🔹LUT University
🔹LAB University of Applied Sciences
🔹Arcade University
🔹HAMK Hame University of Applied Sciences
🔹Hanken School of Economics
🔹Helsinki School of Business
🔹Kajaani University of Applied Sciences
🔹Metropolia University
To apply, students must :
ဘယ်လို Apply လုပ်ရမလဲ ❓
Official Website ကနေ Application Form ကိုဖြည့်ပြီးတော့ လိုအပ်တဲ့ Documents တွေ ( Academic Transcript, A Reference Letter and Statement of Purpose) နဲ့အတူ Online Portal ကနေလျှောက်ထားနိုင်ပါတယ်။ ဒီနေရာမှာ Higher Education ကိုလျှောက်ထားတဲ့သူတွေက Programmes (6) ခုအထိလျှောက်ထားနိုင်ပါတယ်၊ ဒါ့အပြင် Application Fees ကလည်း Free ပါပဲ။
ကဲ Dream Country တစ်ခုဖြစ်တဲ့ Finland နိုင်ငံမှာပညာသင်ကြားဖို့က လက်တစ်ကမ်းအလိုမှာပဲရှိတာမလို့ ဖမ်းဆုပ်ထားလိုက်ဖို့တော့လိုမယ်နော်။ လျှောက်ထားပြီးသားသူတွေကော၊ လျှောက်ဖို့ပြင်နေတဲ့သူတွေရော အားလုံး ကံကောင်းကြပါစေခင်ဗျ ✨
Have a blessing night TYTimers 🙆♂️
Type of Oppotunity | Undergraduate, Master |
---|---|
Deadline | January 19, 2022 |
Place | Finland |
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments