Deadline : January 19, 2022
Level : Undergraduate, Master, Phd
Funding : Partial-Funded
Place : Finland
Given by :
Finland Universities
Finland မှာကျောင်းသွားတက်တော့မယ်ဆိုရင်... 🇫🇮
Hei Hei TYTimers လေးတို့ရေ
Finland 🇫🇮 လို့ပြောလိုက်ရင် ဥရောပရဲ့ မြောက်ဘက်အစွန်မှာတည်ရှိပြီးတော့၊ သဘာဝရဲ့ဆန်းကြယ်မှုတွေဟာတည်ရှိနေကြောင်းသက်သေပြနေတဲ့ အရမ်းလှတဲ့နိုင်ငံလေးတစ်နိုင်ငံကိုပြေးမြင်ကြမယ်လို့ထင်ပါတယ်။ 🗾 ပင်လယ်ကမ်းရိုးတန်းနဲ့ဆက်နေတဲ့ နိုင်ငံဖြစ်တဲ့အလျောက်ကူးသန်းရောင်းဝယ်ရေးနဲ့ ခရီးသွားလုပ်ငန်းလဲအတော်ဖြစ်ထွန်းတဲ့နိုင်ငံလို့ဆိုရင်မမှားပါဘူး...
သဘာဝတရားရဲ့အလှအပကိုစာဖွဲ့ပြီဆိုရင် Finland နိုင်ငံကိုချန်ထားခဲ့လို့မရတာတော့အမှန်ပါပဲ။ ကမ္ဘာပေါ်မှာအလှဆုံးလို့သတ်မှတ်ထားတဲ့ Lake အများစုတည်ရှိသလို၊ ခရီးသွားတွေအတော်လေးမျက်စိကျကြတဲ့ 🌳 Green woods နဲ့ Forest တွေလဲအတော်လေးပေါများတဲ့နိုင်ငံလဲဖြစ်ပါတယ်။ 'မသေခင်ကြည့်သွားသင့်တယ်' ဆိုတဲ့အရာတွေထဲမှာ တစ်ခုအပါအဝင်လို့ပြောရမဲ့ 🌌 Aurora (တစ်ဖြစ်လဲ) Northern Lights တွေကတော့ Finland နိုင်ငံကို သဘာဝနဲ့အနီးစပ်ဆုံးနိုင်ငံဖြစ်စေတယ်ဆိုရင် လွန်မယ်မထင်ပါဘူး။
Fun fact : Northern Lights တွေကတချို့နိုင်ငံတွေမှာလဲပေါ်တတ်လေ့ရှိပေမဲ့၊ Finland မှာပေါ်တဲ့ Northern Lights တွေဟာ Finnish folklore တွေအရ 🔸 "Mystical arctic fox တစ်ကောင်ကမြောက်ဝင်ရိုးတန်းကိုဖြတ်ပြေးရင်းကနေ တိမ်လွှာတွေကိုသူ့ရဲ့အမွှေးမျှင်တွေကတစ်ဆင့်လောင်ကျွမ်းစေရင်းနဲ့ ဒီ Aurora လို့တင်စားကြတဲ့ Northern Lights တွေပေါ်လာတယ်" လို့ယူဆကြပါတယ်။
Finland နိုင်ငံရဲ့ထူးခြားချက်တွေ၊ အလှတရားတွေကိုစာဖွဲ့နေရရင် မိုးလင်းသွားပါလိမ့်မယ်။
ဆိုတော့ 'အလှတရား'ရပ်ပြီး 'အစ စကား'ဆက်ပါမယ်...
ခုပြောပြနေရင်းနဲ့ ဒီလိုနိုင်ငံမျိုးမှာကျောင်းတက်ရရင်ကောင်းမှာပဲလို့တွေးနေမိတယ်မလား။ တောတောင်ရေမြေကိုအနီးကပ်ဆုံးခံစားရင်းနဲ့ စာလေ့လာရမယ်ဆိုရင်အတိုင်းထက်အလွန်ပါပဲ။ Finland နိုင်ငံကလဲ ဒီအချက်တွေနဲ့ သူ့ရဲ့ပညာရေးစနစ်တွေကြောင့်ပဲ ကမ္ဘာအနှံ့ကကျောင်းလာတက်တဲ့သူတွေအရမ်းများပါတယ်...
Finland နိုင်ငံရဲ့ပညာရေးကဘယ်လိုရှိလဲ ❔
Finland နိုင်ငံကသူ့ရဲ့ 'တူ မတူ'တဲ့ပညာရေးစနစ်ကြောင့်ကမ္ဘာတစ်ဝှမ်းစိတ်ဝင်စားမှုအတော်လေးခံရပြီးတော့၊ အကောင်းဆုံးပညာရေးစနစ်ရှိတဲ့နိုင်ငံထဲကတစ်ခုဆိုတာကိုသိပြီးလောက်ကြမယ်ထင်ပါတယ်။ ကျွန်တော်တို့သဘောတွေ့လောက်မှာကတော့ သူတို့ရဲ့ကျောင်းတွေမှာ test တွေလဲမရှိသလို၊ homework ဆိုတာလဲပေးလေ့မရှိတဲ့အပြင် စာသင်ချိန်ကလဲနည်းပါတယ် ( compulsory level မှာပြောတာနော် မိတ်ဆွေတို့ )
🤍 သူတို့ရဲ့ကျောင်းတွေမှာ ပျော်ရွှင်မှုကိုအဓိကသင်ကြားပေးပြီးတော့၊ အချိန်အတော်များများမှာ ကျောင်းသားတွေကသူတို့စိတ်ဝင်စားတဲ့ Independent skills တွေကိုသင်ယူကြတာများပါတယ်။ စာသင်ချိန်နည်းတဲ့အတွက် ကိုယ်ပိုင် research လေးတွေလုပ်ရာကနေ Project တွေအထိလုပ်ဆောင်တာတွေက Finland Education System ရဲ့ main key point တစ်ခုလို့ဆိုလို့ရပါတယ်...
ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ Finland ရဲ့ University Education ကဘယ်လိုရှိမလဲဆိုတာသိချင်နေကြပြီ ဟုတ် 💁♂️ University Education မှာဆိုရင်
University Institution နဲ့
Universities of Applied Science(UAS) ဆိုပြီးနှစ်မျိုးကွဲပါတယ်။
📍 UAS ကတော့ Bachelor နဲ့ Master Degree တွေအတွက် higher education ကိုရည်ရွယ်သင်ကြားပေးတာဖြစ်ပြီးတော့၊ ကျောင်းပြီးတဲ့အခါအလုပ်အကိုင်အခွင့်အလမ်းတွေအတွက်ပါအချိတ်အဆက်ရရှိမှာပါ။ University Institution ကတော့ standard institution တွေအတိုင်းပါပဲခင်ဗျ...
To apply, students must :
ကဲ ဒီနေ့မှာကတော့ Finland နိုင်ငံကိုကျောင်းသွားတက်ချင်တဲ့သူတွေအတွက် Finland နိုင်ငံရဲ့ International Scholarship တွေကမ်းလှမ်းနေကြဖြစ်တဲ့ University (3) ခုကိုတစ်စုတစ်စည်းထဲဖော်ပြရင်းနဲ့ ကျွန်တော်တို့နဲ့အတူအလည်တစ်ခေါက်သွားလိုက်ကြရအောင်။ မတက်ဖြစ်ဘူးဆိုရင်တောင်မှပဲ Finland ရဲ့ University တွေကဘယ်လိုတွေရှိတယ်၊ ဘာတွေသင်ကြားလို့ရတယ်ဆိုတာတွေသိရအောင် ဝင်ဖတ်ကြည့်လိုက်ဖို့မမေ့နဲ့နော်။ ကျောင်းတစ်ကျောင်းချင်းစီကိုသီးခြားတင်ပေးသွားမှာမို့ stay tuned ပါနော် 🙆♂️
Type of Oppotunity | Undergraduate, Master, Phd |
---|---|
Deadline | January 19, 2022 |
Place | Finland |
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments