Deadline : February 28, 2022
Level : Master
Funding : Fully-Funded
Place : Japan
Given by :
World Bank
Japan နိုင်ငံကို World Bank Scholarship နဲ့သွားရောက်နိုင်မယ့်အခွင့်အရေး 🇯🇵
Hello Hello TYTimers တို့ရေ 📢
World Bank Institution နဲ့ Japan နိုင်ငံတို့ပေါင်းစည်းလက်တွဲပြီးတော့ Master Degree ကျောင်းသားတွေအတွက် နှစ်စဥ်နှစ်တိုင်ကမ်းလှမ်းပေးနေကြ Joint Japan World Bank Scholarship 2022 ကိုယူဆောင်လာပါပြီခင်ဗျာ 🙋♂️
World Bank ဆိုတာကတော့မြန်မာနိုင်ငံနဲ့သိပ်စိမ်းမယ်မထင်ပါဘူး။ လွန်ခဲ့တဲ့ ၈ နှစ် (၂၀၁၄ - ၂၀၁၅) လောက်တုန်းကလည်း မြန်မာကကျောင်းသား ၄ သောင်းလောက်ကို Scholarship ကမ်းလှမ်းခဲ့ဖူးပါသေးတယ်။ World Bank ကို ဒုတိယကမ္ဘာစစ်မပြီးခင် 1944 မှာ စစ်ကြီးအပြီး စီးပွားရေးပျက်ကပ်တွေကိုထိန်းသိမ်းဖို့နဲ့ ဆင်းရဲမှုတွေကိုလျော့ချဖို့ ရည်ရွယ်ပြီးစတင်ဖွဲ့စည်းခဲ့တာပါ။ ကနဦးကတော့ International Bank လို့ခေါ်ဆိုခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှ World Bank Institution အဖြစ်ခေါ်ဆိုခဲ့တာဖြစ်ပါတယ်...
ဒီနေ့ပြောပြမယ့် Scholarship ကတော့ World Bank နဲ့ Japan Government တို့ကနေပူးပေါင်းပြီးတော့ World Bank Listed Country တွေက Master ကျောင်းသားတွေအတွက် Career ကိုလမ်းတစ်ချိုးထိဖောက်ပေးနိုင်မှာပါ။ World Bank Institution ရဲ့ ရည်ရွယ်ချက်က Investment၊ Research Projects တွေ၊ Economic Development တွေနဲ့ ကမ္ဘာအဝှမ်း Poverty ကိုလျော့ချဖို့ရည်ရွယ်တာကြောင့် ကိုယ်တိုင်လည်းပါဝင်ဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ သင့်အတွက်ဖြစ်မှာပါ။
ကိုယ်ကအပေါ်ကပြောခဲ့တဲ့ Fields တွေကိုသေချာမကျွမ်းကျင်ဘူးဆိုလည်းစိတ်မပူပါနဲ့၊ Institution မှာ အတွေ့အကြုံရှိ Professionals တွေကကိုယ်တိုင် Mentor လုပ်ပေးသွားဦးမှာပါ။ Scholarship period ပြီးဆုံးသွားခဲ့ပြီဆိုရင်လည်း World Bank Organization ကနေပြီးတော့ Career Opportunity တွေကိုမျှော်လင့်လို့ရပါသေးတယ်။ တစ်ခုပဲရှိပါတယ်၊ ယခု Scholarship ကို World Bank Listed Country ကကျောင်းသားတွေသာလျှောက်လို့ရပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံတွေထဲမှာ မြန်မာပါဝင်တာမလို့စိတ်မပူပါနဲ့၊ ကဲ စိတ်ဝင်စားသွားပြီဆိုရင် Scholar အကြောင်းတွေဆက်လိုက်ရအောင်...
To apply, students must :
ဘယ်လိုလျှောက်ထားရမလဲ ❓
Applicant တွေအနေနဲ့ World Bank ရဲ့ Official Website ကနေပြီးတော့ online လျှောက်ရမှာဖြစ်ပါတယ်။ လိုအပ်တဲ့ Documents တွေကိုသေချာစစ်ဆေးပါ၊ Application Form ကို English (or) Japan လိုရေးသားပြီးလျှောက်လို့ရပါတယ်။ ဖြည့်စွက်ရမယ့် Fields တွေသေချာစစ်ဆေးပြီးဖြည့်ပါ၊ အကုန်စုံပြီဆိုရင်တော့ Deadline အမှီလျှောက်ထားမယ်ဆိုရင်တော့ ပြီးမြောက်ပါပြီခင်ဗျ ✅
🕛 Application Deadline ကတော့ -
February 28, 2022 ဖြစ်တာမလို့ အချိန်မနှောင်းခင်လေးလျှောက်ထားဖို့တော့မမေ့နဲ့နော်
Official Website >> worldbank.org
ကဲ ဒီနေ့မှာတော့ Japan ကိုသွားရောက်နိုင်မယ့် အခွင့်အရေးနောက်တစ်ခုကိုပြောပြခဲ့တာစိတ်ဝင်စားကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျ။
အားလုံး ကောင်းသောညလေးပါ ✨🙆♂️
Type of Oppotunity | Master |
---|---|
Deadline | February 28, 2022 |
Place | Japan |
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments