Lincoln Scholarship

Deadline : March 31, 2022

Level : Master

Funding : Fully-Funded

Place : United States of America

Given by : USAID

Updated on March 11, 2022

Details

Lincoln Scholarship နဲ့ US Universitiesတွေမှာ Master သွားတက်ကြမယ်🇺🇲✨

မင်္ဂလာပါ TYTimers တို့ရေ🙋

မြန်မာနိုင်ငံသူ/သား တွေအတွက် 2019 ခုနှစ်ကနေစပြီးတော့ USAID ရဲ့ အထောက်အပံ့နဲ့ပေးခဲ့တဲ့ Lincoln Scholarship ကို နောက်ထပ် 2 နှစ် ထပ်မံတိုးပေးလိုက်ပီဖြစ်တာကြောင့် Fourth cohort ( 2023-2024) ပညာသင်နှစ် အတွက် applyလုပ်လို့ရပီဆိုတဲ့သတင်းကောင်းလေး ယူဆောင်လာပါတယ်ခင်ဗျ💁

🌎 Lincoln Scholarship ဆိုတာကတော့- USAID( United States Agency for International Development) ရဲ့ အထောက်အပံ့နဲ့ မြန်မာနိုင်ငံက လူငယ်တွေအတွက် နည်းပညာအရည်အချင်းတွေ မြှင့်တင်ပေးရန် ၊ မျိုးဆက်သစ် ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုအလားအလာတွေ မြှင့်တင်ပေးရန် ၊ လူမှုစီးပွားရေးဘဝတွေ ဖွံ့ဖြိုးတိုးတက်လာစေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ မြန်မာနိုင်ငံအတွက် သီးသန့်ပေးတဲ့ Full scholarship တစ်ခုဖြစ်ပါတယ်

မြန်မာနိုင်ငံအနှံ့ မတူညီတဲ့ background တွေက လူငယ်ပေါင်း ၁၃၀ နီးပါးအတွက် ရင်းနှီးမြှုပ်နှံပေးတဲ့ program တစ်ခုဖြစ်ပြီး ရွေးချယ်ခံရမယ်ဆိုရင် American Uni တစ်ခုမှာ 2 နှစ်တာ Master program တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်

ဒါကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်‌ပြောင်းလဲဖို့အတွက် အရေးပါတဲ့ ဆက်စပ်နယ်ပယ်တွေဖြစ်တဲ့ -
🔷Agriculture
🔶 Business and Economics
🔷 Communications
🔶 Education
🔷 Engineering
🔶 Government, Administration ,and
Management
🔶 Health
🔷 Law
🔶Natural Resources
🔷Technology စတဲ့ fields တွေကို ဦးစားပေး ခေါ်ယူမှာဖြစ်ပါတယ်


Eligibility Criteria

To apply, students must :


Benefits


Academic Requirements


Other Information

💁 Apply လုပ်တဲ့အခါမှာ English Proficiency Tests တွေမလိုပေမဲ့ အကယ်၍ ရွေးချယ်ခံရမယ်ဆိုရင် TOEFL-iBT နဲ့ GRE tests တွေကို အိမ်ကနေ ဖြေဆိုရမှာဖြစ်ပြီး ရန်ကုန်မှာ Pre- Academic Training လည်း တက်ခွင့်ရမှာပါ✨✨

Application process အနေနဲ့က‌တော့ -
📌 March 7 , 2022 မှာ ( both sides of NRC & Degree Certificates ) တွေနဲ့အတူ apply formတင်ပေးရမှာဖြစ်ပါတယ်
📌အဲ့ဒါပြီးရင် English Diagnosis Test အနေနဲ့ 30,000 MMK ပေးသွင်းဖြေဆိုရမှာဖြစ်ပြီး score 525 နှင့်အထက်ရမယ်ဆိုရင်
📌 Essays, Recommendation letters and all universities attended & years attended transcripts တွေနဲ့ အတူ * April 25,2022 * ထက် နောက်မကျဘဲ submit လုပ်ပေးရမှာဖြစ်ပါတယ်
📌 နောက်တစ်ဆင့် Panel Interviewအတွက် programကတောင်းတဲ့ အခြား additional forms တွေကို submit လုပ်ပြီး interview ဖြေဆိုရမှာဖြစ်ပြီး

🕐 August 9, 2022 မှာ‌ Scholarship winnersများကို ကြေညာပေးမှာဖြစ်ပါတယ် 🎊

📝 To apply >> https://myapp.iie.org/lincolnscholarship
🌎 Official Website >> https://www.iie.org/en/Programs/USAID-Lincoln-Scholarship-Program

USမှာ Master တက်ဖို့ပြင်နေတဲ့သူတွေအတွက်ရော၊ လက်ရှိ မြန်မာနိုင်ငံမှာ Bachelor ပြီးထားတဲ့သူတွေအတွက်ရော အခွင့်အရေးကောင်းတွေ အများကြီးပိုင်ဆိုင်နိုင်မဲ့ Scholar ဖြစ်တဲ့အတွက်ကြောင့် သေချာလေးပြင်ဆင်နိုင်ပြီး scholarship winnersများ ဖြစ်ကြပါစေခင်ဗျ🙆‍♂️

အားလုံးပဲ သာယာသော ညချမ်းလေး ဖြစ်ကြပါစေခင်ဗျာ🌃

#austle
#Lincoln_Scholarship
#takeyourtimemyanmar


Specification

Type of Oppotunity Master
Deadline March 31, 2022
Place United States of America

Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!