Deadline : April 3, 2022
Level : Master
Funding : Partial-Funded
Place : Thailand
Given by :
National Science and Technology Development Agency (NSTDA)
Hello…! 🙋
TYTimers တို့တွေထဲ Research နဲ့ engineering ပိုင်းတွေကို Passionate ဖြစ်တဲ့ Bachelor ဘွဲ့ရကျောင်းသား/သူတွေရှိရင် အခု သတင်းကောင်းလေးကို ဖတ်ရှု့ပေးဖို့ဖြစ်ပါတယ်… ✌️
📣 သတင်းကောင်းလေးက…
“Thailand Advanced Institute of Science and Technology and Tokyo Institute of Technology” ကပေးအပ်နေတဲ့ TAIST-Tokyo Tech Scholarship အကြောင်းပါ…✨
📌 TAIST ဆိုတာ လူသားအရင်းမြစ်ကို မြှင့်တင်ပေးနိုင်ရေး ရည်ရွယ်ချက်နဲ့ NSTDA၊ ထိုင်းနိုင်ငံက Partner Universities တွေအပြင် Foreign Institution တစ်ခု တို့ရဲ့ Collaboration အပေါ် အခြေခံထားတဲ့ အိုင်ဒီယာတစ်ခု။ Partners တွေအဖြစ်ပါဝင်တဲ့ Uni တွေဆိုတာဟာလည်း KMITL၊ SIIT၊ KMUTT၊ KU အပြင် တခြားသော Japan နဲ့ Thailand မှာရှိကြတဲ့ Uni တွေပါဝင်ပြီး human resource development ကို မြှင့်တင်ဖို့၊ World-class Researchers နဲ့ High-level engineers တွေကို NSTDA က Tokyo Tech professors၊ excellent facilities တွေအပါအဝင် research staff တွေရဲ့ အကြံပေးမှုတွေကနေတဆင့် ပျိုးထောင်ပေးသွားဖို့ကို ရည်ရွယ်ထားပါတယ်… 💪
To apply, students must :
💁 အခုပြင်ဆင်ပေးထားတဲ့ စကော်လာကတော့ Master Programs တွေပါ…
🎓 Automotive and Advanced Transportation Engineering (A2TE)
🎓 Artificial Intelligence and Internet of Things (AIoT)
🎓 Sustainable Energy and Resources Engineering (SERE) ဆိုပြီး Program သုံးခုအတွက် ပြင်ဆင်ပေးအပ်ကာ Tuition fees နဲ့ ကျန်တဲ့ Living Allowances တွေကို Cover လုပ်ပေးသွားမှာပဲဖြစ်ပါတယ်…
ဒါလောက်ဆိုရင်တော့ TYTimers တို့ အနေနဲ့ TAIST Scholarship အကြောင်းသိရှိသွားလောက်ပြီလို့ ယူဆမိပါတယ်။ စိတ်ဝင်စားပြီး အသင့်ဖြစ်နေတဲ့ ကျောင်းသား/သူတွေကို ကြိုးစားလျှောက်ထားကြည့်ဖို့ နဲ့ အခု ဒီသတင်းကောင်းလေးကိုလည်း ကိုယ့်ရဲ့ အသိမိတ်ဆွေတွေဆီ ဖြန့်ဝေပေးဖို့ တိုက်တွန်းရင်း… ✊
အားလုံးပဲ ကောင်းသောညချမ်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ… 🙏🌌
#takeyourtimemyanmar
#TAIST #Scholarship
Type of Oppotunity | Master |
---|---|
Deadline | April 3, 2022 |
Place | Thailand |
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments