Temple University Japan (Undergraduate)

Deadline : November 1, 2021

Level : Undergraduate

Funding : Partial-Funded

Place : Japan

Given by : Temple University

Updated on November 9, 2021

Details

Tokyo မှာပညာသင်ကြားဖို့အတွက် အခွင့်အရေး... 🇯🇵

TYTimers လေးတို့ရေ မဂ်လာပါခင်ဗျ 🙋‍♂️

Japan 🇯🇵 နိုင်ငံလို့ပြောလိုက်ရင် Mount Fuji 🗻 ကအုပ်မိုးထားတဲ့ Tokyo မြို့တော်ကြီးကိုတွဲဖက်ပြီးမြင်ကြမယ်ဆိုတာငြင်းစရာတောင်ရှိမယ်မထင်ပါဘူး။ ဒီနေ့မှာတော့ Japan နိုင်ငံကိုပညာတော်သင်လဲသွားချင်တယ်၊ ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုအပေါင်းစုဝေးနေတဲ့ Tokyo မြို့ကိုလဲသွားချင်ပါတယ်ဆိုတဲ့သူတွေအတွက် အခွင့်အရေးလေးတစ်ရပ်လာပါပြီခင်ဗျ ✨

ဒါက တခြားတော့မဟုတ်ပါဘူး။ နာမည်ကြီး Temple University ရဲ့ Campus အခွဲတွေထဲကတစ်ခုဖြစ်တဲ့ ⛩️ TUJ (Temple University Japan) ကနေနှစ်စဥ်နှစ်တိုင်း offer ပေးနေကြ scholarships တွေကိုလျှောက်လို့ရပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုပါတယ်ခင်ဗျာ...

TUJ ဆိုတာကတော့ Pennsylvania မှာရှိတဲ့ Temple University (Main Campus) ရဲ့အခွဲတစ်ခုဖြစ်ပါတယ်။ Taishido, Tokyo မှာတည်ရှိပြီးတော့နှစ်စဥ်နှစ်တိုင်း Undergraduate, Graduate နဲ့ Non-degree နဲ့သက်ဆိုင်တဲ့ Programs ပေါင်းများစွာကိုဖွင့်လှစ်ပေးနေတဲ့ Research University အဖြစ်နာမည်ကြီးပါတယ်။ နောက်ပြီး TUJ က Japan နိုင်ငံရဲ့တစ်ခုထဲသော 🇺🇸 American University degree ကိုရနိုင်တဲ့ University တစ်ခုလဲဖြစ်တာမို့ International ကကျောင်းသားတွေရဲ့အာရုံစိုက်မှုကိုရရှိထားတယ်ဆိုလဲမမှားပါဘူး။

Program တွေကတော့ (၄)နှစ်တက်ရမှာဖြစ်ပြီး၊ Degree အနေနဲ့ကတော့ Bachelor ရရှိမှာပါ။ TUJ မှာတက်ရောက်နိုင်မဲ့ major တွေကတော့
- Art 🎨
- Asian Studies 📖
- Communication Studies 📚
- Political Science 📂
- Economics 💹
- Computer Science 🖥️
အစရှိတဲ့ major တွေအပြင်တခြားစိတ်ဝင်စားစရာ major ပေါင်းများစွာလဲရှိပါသေးတယ်...

ဒီနေ့ပြောပြပေးမှာကတော့ Undergraduate Students တွေအတွက်ရည်ရွယ်ထားတဲ့ Merit Scholarship အကြောင်းပဲဖြစ်ပါတယ်။ တစ်ခုရှိတာကဒီ Scholarship ကလက်ရှိ TUJ မှာတက်နေတဲ့ကျောင်းသားတွေအတွက်သာအကျုံးဝင်မှာဖြစ်ပြီး၊ ကိုယ်ပိုင် funding နဲ့လာတက်မယ်ဆိုလဲလက်ခံပါတယ်။ ဒါပေမဲ့ စိတ်မညစ်သွားပါနဲ့ဦး။🙋‍♂️ ကိုယ်ကခုမှ First Year ကိုစတက်မှာဆိုရင် ပထမ semesters နှစ်ခုမှာ 12-18 credits ရပြီးတော့၊ GPA လဲကောင်းတယ်ဆိုရင် နောက်တက်ရမဲ့ Year တွေအတွက် scholarship ကိုလျှောက်ထားလို့ရမှာပါ...

📌 Semester ဆိုလို့ TUJ မှာ
Fall (September)
Spring (January)
Summer (May) ဆိုပြီး semester (၃)မျိုးရှိပါတယ်ခင်ဗျ...

Scholarship အမျိုးအစားအနေနဲ့ကတော့သုံးမျိုးရှိပြီး ကိုယ့်ရဲ့ credit နဲ့ GPA တွေအပေါ်မူတည်ပြီး qualified ဖြစ်မှာပါ။

🔸Diamond Scholarship
ဒီ scholarship ကတော့ 12-18 credits ရတဲ့ကျောင်းသားတွေအတွက်ပထမ semesters နှစ်ခု (Summer and Fall or Fall and Spring) မှာ 50% tuition fee ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ အကယ်၍ကိုယ်က credits ကိုထိန်းထားနိုင်ပြီးတော့ GPA 3.2 အထက်ရနေတယ်ဆိုရင် နောက်ထပ် semester ခြောက်ခု(Fall and Spring only) အတွက် 100% tuition fee ထပ်မံရရှိဦးမှာပါ။

🔸Dean's Scholarship
12-18 credits ရရှိထားပြီးတော့ GPA 3.0 ရှိတဲ့ကျောင်းသားတွေအတွက် 50% tuition fee ရရှိမှာဖြစ်ပါတယ်။

🔸TUJ Scholarship
ဒါကတော့ TUJ မှာလာလျှောက်မဲ့ Matriculated ကျောင်းသားတွေအတွက် one-time award scholarship ဖြစ်ပါတယ်။ Matriculation fees တွေကအမျိုးမျိုးရှိတဲ့အတွက်ကြောင့်ဖော်ပြပါ link ထဲမှာအသေးစိတ်ကြည့်နိုင်ပါတယ်ခင်ဗျ...


Eligibility Criteria

To apply, students must :


Benefits


Academic Requirements


Other Information

Matriculation Policy and Procedure link >>
https://www.tuj.ac.jp/ug/academics/policies-and-procedures/policies/matriculation-policy.html#matriculation-fee


📍Procedure for Application

ပထမဆုံး Admission လုပ်ဖို့အတွက် Admission checklist မှာ application form ဝင်ယူပြီးလိုတာတွေဖြည့်ရပါမယ်။ Application form အပြင်လျှောက်ထားဖို့လိုအပ်တဲ့ details တွေကိုဖတ်ကြည့်ပြီးတော့လိုအပ်တာတွေဖြည့်ပါ။ Recommendation letters နဲ့ Scholarship Essay တွေရလာပြီဆိုရင် Resume/CV နဲ့ Optional documents တွေကို attach လုပ်ပြီး TUJ Counselor ကို Email ကတစ်ဆင့်ပို့ပြီးရင်တော့ လျှောက်ထားတဲ့ step ပြီးပါပြီခင်ဗျ။ Screening လုပ်ပြီးရလာတဲ့ result တွေကိုတော့ နှစ်ပတ်ကနေ လေးပတ်အတွင်း via mail ကနေတစ်ဆင့်ပို့ပေးမှာပါခင်ဗျ...

Admission checklist >> https://www.tuj.ac.jp/ug/admissions/requirements/checklist.html

Financial Aid >> http://www.tuj.ac.jp/ug/cost-financial-aid/scholarships/index.html

လက်ရှိကတော့ Class commence တွေကတော့စတင်နေပြီဖြစ်တာကြောင့် spring အတွက်ပဲ admit လုပ်ဖို့မှီတော့မှာပါ။ ဒီကာလကြီးမှာလဲ abroad သွားဖို့ကအဆင်မပြေနိုင်တာတွေလဲရှိနိုင်တာမို့ scholarship တွေအကြောင်းတင်ပေးရတာလဲအားနာပါတယ်ခင်ဗျ။ ဒါပေမဲ့ Scholarship admission တွေကနှစ်တိုင်းဒီ schedule အတိုင်းဖွင့်တာများတာမို့၊ တော်လှန်ရေးကာလအလွန် အောင်ပွဲရရှိခဲ့ရင် လျှောက်ထားလို့ရအောင် inform ပေးတာဖြစ်ကြောင်းလဲအသိပေးလိုပါတယ်ခင်ဗျာ 🙆‍♂️


Specification

Type of Oppotunity Undergraduate
Deadline November 1, 2021
Place Japan

Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!